ကြေွလွင့်သွားသော
နှစ်တွေလတွေပြောင်းလာလိုက်တာ ခုဆိုမောင်ဆိုတဲ့လူသားနဲ့ ငယ်ဆိုတဲ့ကောင်လေးတို့ဝေးကွာခဲ့တာ သုံးနှစ်တောင်ကြာသွားခဲ့ကြပြီ။ လူချင်းဝေးနေကြပေမဲ့ နှစ်ယောက်လုံးက မတူညီတဲ့ခံစားချက်တွေနဲ့ လေတိုက်တိုင်းသတိရနေခဲ့ကြသည်။
သုံးနှစ်အတွင်းမှာ သဘာမောင် အရာအားလုံးပြောင်းလဲခဲ့သည်။ နှလုံးသားတစ်စုံကလွဲလို့ပြောင်းလဲနိုင်ခဲ့သည်။ မြို့လေးကပြောင်းလာတော့ ပါလာတဲ့ပိုက်ဆံတွေနဲ့အရင်းအနှီးလုပ်ပြီး သင့်တော်တဲ့အိမ်လေးတစ်လုံးဝယ် ၊ ပိုတဲ့ပိုက်ဆံတွေကို အဆက်အသွယ်လေးရှာကာ ရှယ်ယာထည့်ထားလိုက်သည်။ အဲ့ကရတဲ့အကျိူးအမြတ်နဲ့ပဲ မောင်နှမနှစ်ယောက်
ရှေ့ဆက်ကောင်းမွန်စွာနေထိုင်ခဲ့ကြသည်။တည်တ့ံတစ်ယောက်လဲ ငယ်နဲ့အမှတ်တရတွေရှိတဲ့ ဒီမြို့လေးမှာဆက်မနေနိုင်တာကြောင့် နိုင်ငံခြားကိုပြန်ထွက်သွားခဲ့လေသည်။ ဒါပေမဲ့ နေ့စဥ်ရက်စက် သူငယ့်ကိုမမေ့နိုင်ခဲ့ပါ။ အဆင်ပြေရဲ့လား ဒါမှမဟုတ် ထပ်ပြီးမောင့်ကို မုန်းတီးစေတဲ့လုပ်ရပ်တွေဆက်လုပ်နေအုံးမှာလား စတဲ့အတွေးတွေနဲ့ ငယ်ဆိုတဲ့လူသားကို ချစ်လွန်းလို့မုန်းပစ်ခဲ့ရတဲ့ကောင်လေးဖြစ်သည်။ အဖြစ်အပျက်တွေရဲ့နောက်ကွယ်မှာ သူ့အစ်မရှိနေခဲ့တာကိုလဲ မသိရှာခဲ့ဘူးပေါ့..။
"သား.....ပြန်လာခဲ့ပါအုံးကွာ ဒယ်ဒီကြီး လွမ်းနေပြီ "
"သိပ်မလိုတော့ပါဘူး သားပြန်လာတော့မှာပါ"
"ဟင်..တကယ်လား ဝမ်းသာလိုက်တာ "
"ဒါမဲ့ ဘယ်နေ့ဘယ်ရက်ဆိုတာတော့ မသေချာသေးဘူး ဒီနှစ်ထဲေတာ့ဖြစ်လိမ့်မယ်"
"ဒယ်ဒီကြီးက ပြန်လာမယ်ဆိုတာနဲ့တင်ဝမ်းသာနေပါပြီ သားအဆင်ပြေတဲ့ချိန်မှပြန်ခဲ့နော် "
"ဟုတ်ကဲ့ ဒါဆိုဖုန်းချပြီနော် ဒယ်ဒီကြီးလဲကျန်းမာရေးဂရုစိုက် "
"အေးအေး သားရောဂရုစိုက် "
"ဟုတ်ကဲ့ "
ဆိုပြီး ဖုန်းကိုချလိုက်သည်။ တစ်ဖက်က ဒယ်ဒီကြီးကတော့ သိပ်ကိုဝမ်းသာနေခဲ့သည်။