ဒိုင်ယာရီလေး ဇာတ်သိမ်းပိုင်း

3.6K 235 46
                                    

Unicoad

မောင့်ဒိုင်ယာရီလေး.........

ငယ်ရေ....ငယ်ကမနက်ကတည်းကZနဲ့ထွက်သွားတော့မောင်စိတ်ပူတာမဆန်းပါဘူးနော်
ဘာလို့ဆိုမောင်ကငယ့်ကိုသိပ်ချစ်လို့လေ...
လူလွတ်ပြီးလိုက်ကြည့်ခိုင်းတော့ မောင်ပ​ဲထပ်ပြီးနာကျင်တာပေါ့ ငယ်သူရင်ခွင်ထဲမှာပျောက်လုနီးနီးခိုလှုံနေတာမောင်သဝန်တိုတယ်ငယ် ကုန်ကုန်ပြောရရင်မောင်မကြိုက်ဘူး အဲ့တော့မောင့်ဒေါသထွက်ပေါက်ကငယ​်ပဲ ဖြစ်ရပြန်ပြီလေ.....

ငယ်ပြန်လာတော့ မောင်နဲ့ငယ်နဲ့ကြားကအတ္တနဲ့ချစ်ခြင်းပြိုင်ပွဲကိုမြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပကြရပြန်ပြီ ထူးခြားတာလေးတစ်ခုက ငယ်ကမောင့်ကို'မုန်းတယ်'တဲ့ မောင်ရင်ထဲအက်ဆစ်နဲ့အလောင်းခံလိုက်ရတာထက်ပိုပါတယ် အဲ့တော့မောင်ငယ့်အပေါ်ကြမ်းတမ်းမိသွားတယ် တောင်းပန်ပါတယ်ငယ်.....

ငယ်ဒီတစ်ခါတော့ရင်ထဲကခံစားချက်တွေလုံးဝဖွင့်ဟလာခဲ့တယ်နော်.......
ငယ်ကတော်လိုက်တာ မောင်ဆိုအဲ့လိုဝန်မခံရဲခဲ့ဘူး.......မောင့်ကလေးလေးကအရမ်းတော်တာပဲ ဟုတ်တယ်မလား....အဲ့နေ့ကငယ်ပြောခဲ့တာလေးမောင့်နားထဲကထွက်ကိုမထွက်ဘူး
ဘာတဲ့......

"မောင်....တဖက်သတ်ကြီးစွတ်စွဲတာတွေတော်ပါတော့ မောင်လဲဟိုကောင်လေးနဲ့ဖြစ်ချင်တိုင်းဖြစ်နေတာဘဲလေ ငါတစ်ခါလေးအပြင်ထွက်မိတော့ အပြစ်ဖြစ်သွားတယ်ပေါ့ဟုတ်လား မဆန်းပါဘူး ငါဆိုတဲ့ကောင်ကအပယ်ခံဘဲလေ ဘယ်တုန်းကငါ့တွက်ဆိုပြီးတွေးပေးခဲ့ဖူးလဲ

နာကျင်နေမှာပဲ ၊ ဝမ်းနည်းနေမှာပဲ ၊ သိမ်ငယ်နေမှာဘဲဆိုပြီး နှစ်သိမ့်ပေးခဲ့ဖူးလား အမြဲတမ်းနာကျင်ရတာဘယ်သူ့ကြောင့်လဲ အမြဲတမ်းငိုနေရတာဘယ်သူ့ကြောင့်လဲ တစ်စိမ်းတွေရှေ့မှာတောင်သိမ်ငယ်နေရတာဘယ်သူ့ကြောင့်လဲ ဟမ်

ငါမေးနေတယ် ဖြေလေ ဖြေလေ  မောင့်မှာအဖြေမရှိဘူးမလား ရပါတယ် မဖြေလဲသိတာမလို့နေသားကျနေပါပြီ good night မောင် ဒီညတော့မောင့်အခန်းထဲမှာလာမအိပ်နိုင်တာခွင့်လွတ်နော် ဒီနေ့ငါ့ကိုယ်ကညစ်ပတ်နေလို့"

ငယ်နာကျင်နေမယ်ဆိုတာမောင်သိတာပေါ့
ဘယ်လောက်ဝမ်းနည်းပြီးသိမ်ငယ်နေမလဲဆိုတာလဲမောင်မသိဘဲနေမလားငယ်.....
အဲ့ဒါတွေအားလုံးမောင်ပ​ဲလုပ်ယူခဲ့တာ​​ေလ ဘာလို့လဲငယ်သိလား......

ကြွေလွင့်သွားသော {Complete }Where stories live. Discover now