ကြေွလွင့်သွားသော
အရေးပေါ်အခန်းရဲ့ရှေ့မှာအရုပ်ကြိုးပြတ် ထိုင်နေတဲ့တည်တ့ံ မျက်ရည်တွေလဲတွင်တွင်စီးကျနေခဲ့သည် ။ မျက်ဝန်းအိမ်ထဲမှာနောင်တရိပ်တချိူ့ကိုမြင်နေရပါသည် ။
မနက်ကငယ်အိမ်ပေါ်ပြေးတက်သွားတော့ တိမ်ဆိုင့်ကိုနှုတ်ဆက်ပြီး ငယ့်အနောက်ပြေးလိုက်ခဲ့သည် ။ သို့သော်အခန်းတံခါးလော့ချကာအော်ငိုနေတဲ့ငယ် ရုတ်တရက်ငိုသံတို့တိတ်သွားတာကြောင့်စိတ်ထဲထင့်သွားတာအမှန်ပင် အခန်းတံခါးကိုအားကုန်ကန်ဖွင့်ပြီး ဝင်သွားတော့ ကျွန်တော်ကမ္ဘာလေးကြမ်းပြင်မှာလူးလိမ့်နေတာတွေ့လိုက်ရသည် ။ကျွန်တော့်အတ္တတွေကြောင့် ငယ်ပြန်လာဖို့ရုန်းကန်နေကြတဲ့ဆရာဝန်များနဲ့သူနာပြုများ.. မောင့်ရဲ့နောက်ဆုံးဆန္ဒပါငယ် ပြန်လာပေးပါ မောင်ဆိုတဲ့ကောင်က ငယ်ဆိုတဲ့လူသားနဲ့မှပြည့်စုံတာမို့ မထားခဲ့ပါနဲ့နော် ။
"လူနာနဲ့ဘာတော်သလဲ မောင်ရင်က"
"ဗျာ...ဟုတ် ဟုတ်ကဲ့ လူနာရဲ့အမျိူးသားပါ"
"ဟေ..ထားပါဒီခေတ်ကြီးမှာဒါတွေကမဆန်းပါဘူး"
"ဟုတ်ကဲ့ လူနာအခြေအနေဘယ်လိုရှိလဲခမျ"
"အင်း လူနာကအစကတည်းက အစာအိမ်မကောင်းတာ ခုအရက်ပြန်တွေအစာအိမ်ထဲဝင်သွားတော့ အန္တရာယ်ရှိတဲ့အခြေအနေဖြစ်သွားခဲ့တယ် ဒါမဲ့ဆရာတို့အကောင်းဆုံးကုသပေးထားပါတယ် စိုးရိမ်စရာတော့မရှိတော့ပါဘူး နောက်တစ်ခါထပ်ဖြစ်မယ်ဆိုရင်တော့ အသက်အာမခံချက်မရှိလို့ ဂရုစိုက်ပါ "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ ကျွန်တော် ဂရုစိုက်ပါ့မယ်"
"ကောင်းပါပြီ ခုလူနာကိုVIP Roomကိုရွေ့ထားပေးတယ် ခနနေဝင်ကြည့်လို့ရပြီ ဒါဆိုဆရာ့ကိုခွင့်ပြုအုံး"
"ဟုတ် ဟုတ်ကဲ့ "
ဆရာဝန်ကြီးနဲ့စကားပြောပြီးပြီးချင်း ငယ်ရှိရာအခန်းလေးဆီဦးတည်သွားခဲ့သည် ။ အခန်းထဲရောက်တော့ ကုတင်ပေါ်မှာကလေးတစ်ယောက်လိုအိပ်ပျော်နေပြီး လက်ကောက်ဝတ်မှာဆေးထိုးအပ်တွေကြောင့်ယောင်နေတဲ့လက်လေးကို ကြည့်ပြီးဝမ်းနည်းရပြန်သည် ။