ကြေွလွင့်သွားသော
တည်တ့ံနိုင်ငံခြားကပြန်လာတဲ့နေ့မှာ အိမ်ကိုတန်းမပြန်ပါဘဲ တစ်ချိန်ကချစ်ရသူကိုသိမ်းပိုက်ဖို့အရင်ဦးတည်ခဲ့သည်။ ငယ်ဆိုတဲ့လူသားကိုရဖို့ သုံးနှစ်လုံးလုံးပျော့ကွက်ဟာကွက်တစ်ခုသာသိခဲ့ရတာမို့ သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ သူ့ညီမလေးနဲ့သာ အကြပ်ကိုင်ရန်စီစဥ်ရတော့သည်။
ွမိုးတွေရွာနေတာပေါ့လေ ကျွန်တော်အဲ့ကောင်မလေးကိုတွေ့တဲ့ချိန် သူ့ကြည့်ရတာတစ်စုံတစ်ယောက်ကိုစောင့်နေပုံရသည် ဒါပေမဲ့လဲအချိန်ဆွဲနေလို့မရတာကြောင့် လူနှစ်ယောက်လွတ်ပြီး ဖမ်းခေါ်ခဲ့လိုက်သည်။ အသားနာအောင်မလုပ်ချင်ပေမဲ့ ငယ်ဆိုတဲ့လူသားသွေးဆူလာဖို့ နဲနဲပါးပါးတော့သရုပ်ဆောင်ပြခဲ့ရသည်။ အဲ့လိုလုပ်မှပဲခေါ်တဲ့နောက်ကိုလိုက်လာခဲ့သည် ။
ွသုံးနှစ်လောက်မတွေ့ရတဲ့ငယ်ဟာ ဘာမှပြောင်းလဲသွားခြင်းမရှိ ဖြူအုပြီး ချစ်စရာကောင်းနေဆဲပါပဲ။ ဒါပေမဲ့လဲငယ့်ရဲ့ချစ်စရာအပြုအမူတွေကြားထဲမှာကျွန်တော်ထပ်ပြီး အကျဆုံးခံလို့မဖြစ်ပါ။ ဒါကြောင့်စီစဥ်ထားတဲ့အတိုင်းခပ်မြန်မြန်စတင်လိုက်သည်။
ထင်ထားသည့်အတိုင်းပဲ ငယ်ကသိပ်ခေါင်းမာပါသည်။ လွယ်လွယ်လေးနဲ့တော့ပြောတာတွေလက်မခံပါ။ ဒါကြောင့်နောက်ဆုံးလက်နက်ထုတ်သုံးမှ သုံးနှစ်အတွင်းမကြားခဲ့ရတဲ့ မောင်ဆိုတဲ့နာမ်စားနဲ့ ပြန်ခုခံလာတဲ့ကျွန်တော့်ရဲ့ငယ်လေး... ဘယ်လောက်ချစ်စရာကောင်းလိုက်လဲဗျာ ဒါပေမဲ့ကျွန်တော်ငြင်းဆန်ခဲ့သည်။ မောင်လို့တစ်ခါခေါ်တိုင်းကျွန်တော်နာကျင်ရတာမို့ နောက်ဆုံးတော့ ထိုလူသားလက်မှတ်လေးထိုးပြီး ကျွန်တော်ခေါ်တဲ့နောက်ကိုလိုက်လာခဲ့ရတော့သည်။
"ဟင် မောင်လေး.....ဟင့်..ဟင့်...မောင်လေး "
"ဘာလို့ငိုနေတာလဲ ကျွန်တော်ပြန်လာတာဝမ်းမသာဘူးလား"
"ဝမ်းသာလွန်းလို့ပါ မမအရမ်းဝမ်းသာလို့ပါ ဒါဆို..ဒါဆိုမောင်လေးအတိတ်ကအကြောင်းတွေကို မေ့နိုင်သွားြပီပေါ့နော်"
"အင်း...မေ့နိုင်တာတော့လဲမဟုတ်ပါဘူး မေ့နိုင်အောင်ကုစားဖို့လိုအပ်တာလေးပြန်ခေါ်လာတယ်"