ကြေွလွင့်သွားသော
ညကမောင်ကျွန်တော်နဲ့လာမအိပ်ပါ ကျွန်တော့ဘေးမှာမအိပ်ချင်လောက်တဲ့ထိရွံသွားပြီ ထင်ပါသည်။ မောင့်ဆီကဥပေက္ခာတွေကိုနေ့တိုင်းရနေပေမဲ့ခံနိုင်ရည်မရှိတဲ့ကျွန်တော့်နှလုံးသားကြောင့် ကိုယ့်ကိုကိုယ်အပြစ်တင်မိနေတော့သည်။ တစ်ခုခုဆိုဟန်မဆောင်နိုင်အောင်ကျလာတဲ့ကျွန်တော့်မျက်ရည်တွေကို မောင်ရွံတာထက်ကျွန်တော်ပိုရွံပါသည် ။
ခုလဲအိပ်ယာနိုးတော့ ညကမောင်အတူလာမအိပ်ပါလားဆိုတဲ့အသိနဲ့တင်ထပ်ပြီးဝမ်းနည်းရပြန်သည် ။ ဒါပေမဲ့လဲ ဒါကျွန်တော့်ဖြစ်တည်မှုဘဲလေ တက်နိုင်တာလဲမရှိတာကြောင့် ဒီတိုင်းလေးသာရှေ့ဆက်ရမည် ။
"အော် သဘာ သားနိုးလာြပီလား ဒေါ်ကြီးထမင်းကြော်ထားပေးတယ် လာစားလိုက်အုံး"
"ဟုတ်ကဲ့ ဒါနဲ့မောင်ရော"
"ကောင်လေးတစ်ယောက် သားမနိုးခင်ကလာခေါ်လို့လိုက်သွားလေရဲ့"
"အော်..." ကျွန်တော်ဘာမှဆက်မပြောတော့ဘဲထမင်းသာဆက်စားနေခဲ့သည် ။ ရင်ထဲကတော့နာနေတာခဲ့ပါသည် မောင်...
"တိမ်ဆိုင်....ကိုယ့်ကိုကူညီပေးတဲ့တွက်ကျေးဇူးတင်ပါတယ်ကွာ ဒါမဲ့ငယ့်ကိုအရမ်းသနားတယ်"
"ရပါတယ် ကိုကို ကျွန်တော်ကကူညီပေးရရုံနဲ့ကျေနပ်နေတဲ့ကောင်ပါ "
"အင်း ထပ်ပြီးကျေးဇူးတင်ပါတယ်"
"ကျွန်တော် ကိုကို့ကိုတစ်ခုမေးလို့ရမလား"
"မေးလေ ရပါတယ် "
"ကိုကို သဘာမောင်ကိုချစ်လား"
"......."
"ကိုကို "
"အင်း.....ချစ်တယ် ကိုကိုသူ့ကိုသိပ်ချစ်တယ် ချစ်လွန်းလို့နွားဘဝအရောက်ခံပြီး လက်ထပ်ခဲ့တာ ဒါပေမဲ့ကိုကိုသူ့ကိုချစ်တယ်လို့ထပ်မပြောတော့ဘူး "
"ကျွန်တော် ကျွန်တော်ရော ကိုကို့ကိုချစ်လို့ရလား"
တိမ်ဆိုင့်စကားကြောင့် တည်တ့ံကြောင်အအဖြစ်သွားခဲ့ရသည် ။ ထိုကောင်လေးကို့အပေါ်ခံစားချက်ရှိနေတာအစထဲကရိပ်မိပေမဲ့ မသိချင်ယောင်ဆောင်ထားခဲ့ပါသည် ။ ဒီခံစားချက်တွေကလဲကို့ကိုကူညီရင်းဖြစ်လာတာကြောင့် အပြစ်တော့မဆိုရက်ပါ။ သို့ပေမဲ့ မဖြစ်နိုင်တာကြောင့် လက်လျော့လိုက်ပါကောင်လေးရယ်