ကြေွလွင့်သွားသော
ပန်းရင့်ရောင် ဆိုင်သိမ်းပြီးအိမ်ပြန်လာတော့ ရှစ်နာရီတောင်ကျော်နေပြီ။ အိမ်ပြန်မလာခင်ဆိုင်မှာဝန်ထမ်းလေးတွေဝယ်လာတဲ့ မာလာရှမ်းကောနဲနဲကို တူတူဝင်စားခဲ့တာကြောင့်ဗိုက်မဆာတော့ပေ ။
ဒါနဲ့ပဲသူမလဲ မီးဖိုခန်းထဲဝင်ပြီးရေခဲသေတ္တာထဲရေသောက်ကာအပေါ်တက်မည်အလုပ်မှာတော့ လှေကားကဆင်းလာတဲ့ မာမီကြီးနဲ့တွေ့တော့သည် ။
မာမီကြီးကစကားစလာခဲ့သည်
"မနက်ဖြန်သမီးဘာလုပ်မယ်စိတ်ကူးထားလဲ ဒယ်ဒီကြီးကတော့ ဘုန်းကြီးကျောင်းမှာဆွမ်းကပ်ပြီး ဆေးရုံမှာ အဟာရသွားလှူမယ်တဲ့"
"အင်း....ကောင်းပါတယ် ဒယ်ဒီကြီးစိတ်တိုင်းကျအရင်လိုက်လုပ်ကြတာပေါ့ သမီးစီစဥ်ထားတာက မနက်ဖြန်အားတဲ့အချိန်မှလုပ်လဲရပါတယ် ဒယ်ဒီကြီး ကျေနပ်ရင်ပါပြီ "
"သမီး အရမ်းလဲဝမ်းနည်းမနေပါနဲ့ ပြီးခဲ့တာတွေလဲပြီးပြီပေါ့ သမီးဒယ်ဒီကြီးက အရင်ကလောက်တော့ မဆိုးတော့ပါဘူး အနည်းဆုံးသမီးကိုတော့ စကားပြန်ပြောလာပြီ မလား အဆိုးထဲကအကောင်းလို့ဖြေပါသမီးရယ်"
"မောင်လေးအပေါ် သမီးသိပ်ချစ်ခဲ့လို့ မရည်ရွယ်ဘဲဖြစ်ခဲ့ရတာတွေပါ ဘယ်သူကရော အဲ့လိုဖြစ်ချင်ပါ့မလဲ ဒယ်ဒီကြီးရက်စက်တယ် သမီးလုပ်ရပ်တွက် ဘယ်ချိန်ထိပေးဆပ်နေရအုံးမလဲမသိဘူး ဒယ်ဒီကြီးကလေ သူပဲခံစားနေရတယ်ထင်နေတာ ကဲပါထားပါတော့ မာမီကြီးလဲစိတ်တွေရှုပ်နေရောပေါ့ နားတော့လေ မနက်ဖြန်တွက် စောစောထရအုံးမှာမလား"
မာမီကြီးမှာတော့ မျက်ရည်တို့ကိုထိန်းပြီး စကားတွေအဆက်မပြတ်ပြောနေတဲ့ သမီးကိုကြည့်ကာ ရင်ထဲမှာနင့်နေအောင်ခံစားနေရသည်။
"အင်း...သမီးလဲစောေစာအိပ် ဟိုဟိုဒီဒီလျောက်တွေးပြီး အပင်ပန်းမခံနဲ့နော် ဘုရားလေးရှိခိုးပြီးအိပ်တော့ ကြားလား "
"ဟုတ်ကဲ့ " လို့သာပြောပြီး မာမီကြီးနဲ့ဆန့်ကျင်ရာအိမ်အပေါ်ထပ် သူမအခန်းရှိရာသို့လာခဲ့လိုက်သည် ။
အခန်းထဲရောက်မှ သက်ပြင်းရှည်ကြီးချကာမနက်ဖြန်တွက်သူမှစီစဥ်စရာတွေကို ဖုန်းဆက်ပြီး လှမ်းပြောရပြန်သည်။