ကြေွလွင့်သွားသော
လွန်ခဲ့တဲ့လေးနှစ်လောက်ကငယ်နဲ့လမ်းခွဲပြီး ကတည်းက မောင်အလုပ်တစ်ခုကိုနေ့တိုင်းလုပ်ဖြစ်ခဲ့တယ်ငယ် အဲ့ဒါကတော့ ငယ့်ကိုလွမ်းတဲ့အကြောင်းလေးတွေကို စာအုပ်ပေါ်မှာစာစီတတ်ခဲ့တာပါပဲ
မောင်သိပ်ရူးတာပဲနော် လွမ်းလိုက်တာငယ်ရာ...ချစ်လိုက်တာကွာဆိုပြီး ဘယ်တုန်းကမှမပြောဘဲစာအုပ်ထဲမှာသာချရေးဖြစ်နေခဲ့တာ ငယ်သိရင်ထပ်ပြီး နာကျင်ရအုံးမယ် မပြောဖြစ်ခဲ့တာတွေတွက် ငယ်ပြန်လာရင်မောင်အတိုးချပြီး ပြောပြမယ်နော် ငယ်နားထောင်နိုင်ပါ့မလားတော့မသိဘူး ချစ်တယ် ငယ်
စာအုပ်လေးထဲမှာခံစားချက်တွေချရေးပြီး ငိုနေတဲ့ကောင်လေး.......
Happy birthday ငယ်.......
ငယ်ထွက်သွားတာခုဆိုတစ်လတောင်ရှိနေပြီဘာဆိုဘာမှမသိရသေးပါဘူး ဘယ်လိုပဲစုံစမ်းစုံစမ်းအစအနတောင်မသိရသေးဘူး
မောင်အရမ်းလွမ်းနေပြီငယ် မောင်မှားပါတယ်ကွာ ပြန်လာခဲ့ပါတော့နော် မောင်တို့ဘဝလေးကိုအစကနေပြန်စကြမယ်လေ နော်ငယ်.....မောင့်ကိုငယ်မချစ်တော့ဘူးလားဟင် မရက်စက်ပါနဲ့နော် ငယ်သိလား မောင်ခုဆိုအရာအားလုံးပြောင်းလဲနေပြီ မောင့်ပြောင်းလဲမှုတွေကို မွေးနေ့လက်ဆောင်အဖြစ်လာယူပါအုံးကွာ မကျေနပ်တာတွေတွက်လဲမောင့်ကိုအပြစ်လာပေးအုံးလေ
မောင်ကလေငယ့်မွေးနေ့ရောက်ရင်အတူတူခရီးသွားမယ် အမှတ်တရဓာတ်ပုံတွေရိုက်မယ် လက်ဆောင်ပစ္စည်းလေးတွေဝယ်ကြမယ် မုန့်တွေတူတူစားကြမယ် လျောက်သွားကြမယ် အား...ပျော်စရာကြီးနော်.....
ဒါမဲ့မောင်ကအဲ့လိုပျော်ရွှင်မှုတွေနဲ့မထိုက်တန်တဲ့သူထင်ပါရဲ့ ငယ့်ရဲ့စွန့်ပစ်မှုကိုနှစ်ကြိမ်တိတိတောင်ခံခဲ့ရတယ် တွေးတိုင်းနာကျင်နေရတယ် ငယ်ဆိုတဲ့လောင်းရိပ်အောက်ကမောင်ရုန်းမထွက်ပါရစေနဲ့နော်
မွေးနေ့မှာငိုမနေပါနဲ့ မောင့်ရဲ့ကလေးလေး..
စာအုပ်လေးပိတ်ပြီး ပင်ပမ်းမှုတွေကိုအိပ်စက်အနားယူခြင်းနဲ့အစားထိုးလိုက်သည်......
မောင်.......အဆင်ပြေနေရဲ့လားဟင် ပျော်နေမယ်လို့ငယ်မျှော်လင့်နေတယ်နော် ငယ်တောင်းပန်ပါတယ် မောင့်ဆီကခွင့်ပြုချက်မယူဘဲငယ်ထွက်ပြေးမိလို့