ကြေွလွင့်သွားသော
လတ်ဆတ်တဲ့လေပြည်တွေနဲ့အတူငယ့်ဆီကိုမောင်လာနေပေမဲ့ ရင်ထဲမှာတော့ပူလောင်နေရတယ်။ မနက်စောစောထပြီး လေယာဥ်ကွင်းကိုမမနဲ့အတူလာခဲ့သည် ။ ဒယ်ဒီကြီး နဲ့မာမီကြီးတို့ကပါ လိုက်ပို့ပေးကြပါသည်။
ဘာမှအလွန်အကျွံမဖြစ်ဖို့ကိုလဲအထပ်ထပ်မှာနေသည်။ မောင်စိုးရိမ်နေတဲ့တစ်ခုတည်းသောအရာက ငယ့်ကိုဒုတိယအကြိမ်ထပ်ပြီး ဆုံးရှုံးရမှာကိုပဲ ဒါမဲ့မောင်ငယ့်ကိုမုန်းမိပြီလားဆိုတာတော့မသေချာပါ။
မောင့်ကိုခုလိုအရမ်းခက်ထန်လာအောင်ငယ်ကိုယ်တိုင်ဖန်တီးခဲ့တာမို့ ပထမအကြိမ်မောင်ရင်နာနာနဲ့သိမ်းပိုက်ခဲ့ပေမဲ့ ဒုတိယအကြိမ်ငယ်ကထပ်ပြီး လုပ်ရက်ပြန်တယ်။မောင်နဲ့တွေ့ရင် အရာအားလုံးဘာဖြစ်လာမယ်မှန်းကြိုမသိနိုင်တာကြောင့် ပြင်ဆင်ထားပါငယ်......
လေယာဥ်ပြတင်းပေါက်ကတိုက်ခတ်လာတဲ့လေပြည်တွေနဲ့အတူတွေးတောနေမိသည် ။ မကြာလိုက်ပါ အိပ်စက်ခြင်းဆီဦးတည်လိုက်တော့သည်။ ဘာလို့ဆို မောင်အရမ်းပင်ပန်းခဲ့တာကြောင့်ပါ.....
•••••••••••••
"ကိုကို အဆင်ပြေရဲ့လား "
"အင်း...ပြေပါတယ် ဘာလို့လဲ"
"အဲ့စာအုပ်နဲ့ပဲအချိန်ကုန်နေတာဆိုတော့ တစ်ခုခုရှိလို့လား"
"လက်ဆောင်လေးပါ နောက်ဆုံးကြိုးစားခြင်းလက်ဆောင်ပေါ့ "
"ဘယ်သူ့တွက်လဲ မဟုတ်မှ...."
"ဟုတ်တယ် မောင့်အတွက် မောင့်အတွက်ငါ့ရဲ့နောက်ဆုံးလက်ဆောင်လေး"
"ကျွန်တော်...ကျွန်တော် တောင်းပန်ပါတယ် "
တိုးဖွဖွလေးသာရေရွတ်မိသည်။ အရမ်းချစ်တဲ့သူတို့နှစ်ယောက်ပေါ် ရက်စက်ခဲ့တဲ့သူတွေထဲကတစ်ယောက်အပါအဝင်ဖြစ်နေတာကြောင့် နောင်တရမိသည်။
"ဟင်...ဘာပြောလိုက်တာလဲ မကြားလိုက်လို့်"
"ဘာမှမဟုတ်ပါဘူး အပြင်သွားကြမလားစိတ်ပြေလက်ပျောက်"
"အင်း....သွားကြတာပေါ့"
"အိုကေ ဒါဆိုရေချိူးပြီးရင်သွားကြမယ်"