ကြွေလွင့်သွားသော
နေရောင်ခြည်နဲ့အတူနိုးထလာတဲ့ကျွန်တော့်မနက်ခင်းလေး...
ဒါပေမဲ့အသပ်ရှူမဝသလိုခံစားနေရတာမို့်သေချာအောင်ကြည့်လိုက်မိသည်။ ကျွန်တော်မောင့်ရင်ခွင်ထဲရောက်နေခဲ့တာပါလား အိမ်မက်ဖြစ်နေရင်တောင် ကျေနပ်တာမို့မနိုးထပါရစေနဲ့လို့ တွေးနေမိသည်။မောင့်မျက်နှာလေးကိုလက်လေးနဲ့အသာအယာတို့်ကြည့်မိတယ် ။ အခွင့်အရေးရတုန်းလေးမို့ အသုံးချမိတယ်ခေါ်မလား ။ နောက်တစ်ကြိမ်ဆိုတာထပ်ရှိလာမှာမဟုတ်တာကြောင့် မှတ်မိအောင်သေချာကြည့်ယူထားချင်သည် ။
ချစ်တယ် မောင်"နိုးြပီလား ဘယ်လိုနေသေးလဲ "
မောင်အိပ်နေတုန်းလို့ထင်ထားတာကြောင့် စိတ်ထဲကရှိတဲ့အတိုင်းပြုမူနေမိသည် ။ ဒါမဲ့ရုတ်တရက်မောင့်အမေးကြောင့်
"ဟမ်..အော်အင်း သက်သာပါတယ် "
"အင်း... "
တစ်ခွန်းသာဆိုပြီး အလုပ်သွားရန်ပြင်ဆင်နေတဲ့မောင်က ကျွန်တော့်ကို ထပ်ပြောစရာမရှိတော့တာလား မပြောချင်တာလား မသေချာခဲ့ပါ ။
မောင်အားလုံးပြင်ဆင်ပြီးသည်ထိကျွန်တော်အိပ်ယာထဲကမထသေးဘဲမောင့်လှုပ်ရှားမှုတို့ကိုသာကြည့်နေခဲ့သည် ။
"ငါအလုပ်သွားတော့မယ် အစာစားပြီးဆေးသောက်ဖို့မမေ့နဲ့ ဖြစ်လိုက်ရင်အသဲအသန်နဲ့"
"........"
တကယ်ပါ မောင့်ရင်ခွင်ထဲမှာခဏတာအိပ်စက်ရခြင်းကအတိုင်းမသိနာကျင်ရမယ်မှန်းသိရင် မျှောင့်လင့်မိမှာမဟုတ်ခဲ့ပါဘူး ။
မောင်အလုပ်သွားမှကျွန်တော်လဲမျက်နှာသစ်သွားတိုက်အဝတ်အစားလဲပြီး အောက်ထပ်ဆင်းလာခဲ့သည် ။
"သား..ဒီမှာသားတွက်ဆန်ပြုတ် ဒေါ်ကြီးအစောကြီးထပြီး လုပ်ပေးထားတာ မနေ့ညကမောင်တည်တ့ံလာပြောထားလို့"
"မောင်ကလား ဆန်ပြုတ်လုပ်ဖို့လာပြောတာ"
"ဟုတ်တယ် သားရဲ့ ညကလဲသူကိုယ်တိုင်ရေပတ်တိုက်ပေးပြီး တစ်ညလုံးစောင့်ပေးနေတာသားကို"