ကြေွလွင့်သွားသော
ဆေးရုံမှာတစ်ပတ်လောက်နေပြီး ဆရာဝန်ကြီးတွေကဆင်းလို့ရြပီဆိုလို့ခုတော့အိမ်ပြန်ရောက်နေခဲ့သည် ။ ဆေးရုံကဆင်းပြီးနောက် မောင်ကျွန်တော့်ကို အစားအသောက်နဲ့ပတ်သက်ရင် ဂရုစိုက်ပေးတတ်ပေမဲ့ အရာအားလုံးပုံမှန်ပါပဲ ။ စကားပြောရင်နာကျင်ရသည်မြင်နေရရင်အပြစ်ရှိသလိုခံစားနေရသည် ။
ဒီနေ့ကျွန်တော့်အမေဆုံးတာလေးနှစ်ပြည့်... မောင်နဲ့ကျွန်တော်လမ်းခွဲတဲ့နေ့ဆိုလဲမမှားပေ ဒါကြောင့်မောင်နဲ့လက်ထပ်ပြီးကတည်းကအဆက်အသွယ်ဖြတ်ခံထားရတဲ့တစ်ဦးတည်းသော ညီမလေးဆီဖုန်းဆက်ရန်အောက်ထပ်ဆင်းလာခဲ့သည် ။
အောက်ထပ်ရောက်တော့ ဖုန်းနံပါတ်လေးတစ်ခုကိုနှိပ်ပြီး ဆက်လိုက်သည် ။ ဖုန်းဝင်ပြီး ခနကြာတော့ တစ်ဖက်ကဖုန်းကိုင်လာခဲ့ပါသည် ။
"ဟယ်လို အမိန့်ရှိပါ ဆည်းဆာမောင်ပြောနေပါတယ်"
တစ်ဖက်ကအသံကြားတာနဲ့ချက်ချင်းဝဲတက်လာတဲ့မျက်ရည်များ ဝမ်းသာလိုက်တာညီမလေးရယ် အဆင်ပြေတဲ့အသံလေးကြားရလို့ ပေးဆပ်ရကျိူးနပ်ပါတယ် ။
"ဟယ်လို.... ညီမလေး... ကိုကိုပါ"
"ဟင်....ကိုကို.... ဘာလို့ထားခဲ့တာလဲ.... ဘာလို့လဲ.."
"ကိုကို တောင်းပန်ပါတယ် ကိုကို့မှာရွေးချယ်စရာမရှိခဲ့လို့ပါ"
"တွေ့ချင်တယ် ပြန်လာမယ်မလားဟင်"
"လာချင်တာပေါ့ ဒါမဲ့..ဒါမဲ့လောလောဆယ်မဖြစ်နိုင်သေးလို့ပါနော် ကိုကို့ကိုနားလည်ပေးပါ"
"ကိုကို အဆင်ပြေရဲ့လား ဘာတွေလုပ်နေလဲ"
"ကိုကိုအဆင်ပြေပါတယ် ညီမလေးသာလိမ်လိမ်မာမာနေပြီး ကျန်းမာရေးဂရုစိုက်နော် "
"ညီမလေးက အထီးကျန်တာကလွဲရင်အားလုံးအဆင်ပြေနေပါတယ်.."
"ကိုကိုတောင်းပန်ပါတယ် ကဲထားပါ ဒီနေ့အမေဆုံးတာလေးနှစ်ပြည့်နော် အမေ့ကိုရည်စူးပြီး ကုသိုလ်လုပ်ပေးဖို့ကိုကိုပြောချင်တာ"
"ညီမလေးသိပါတယ်ခုနကဘဲဘုန်းကြီးကျောင်းမှာဆွမ်းကပ်ပြီး ပြန်လာတာကိုကိုလဲလုပ်ပေးရမယ်နော် "