ကြေွလွင့်သွားသော
မနက်ငါးနာရီလောက်ထ လမ်းေလျှာက် ၊ လေ့ကျင့်ခန်းလုပ် ေရမိုးချိူးြပီးကော်ဖီဆိုင်သွားဖို့ ပန်းရင့်ရောင် ပြင်ဆင်နေသည်။
ဒီဇိုင်နာကိုယ်တိုင်ချူပ်ထားပေးသော လှပကျော့ရှင်းတဲ့ အဝတ်အစားတို့ဝတ်ဆင်ကာမနက်စာစားရန်အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
ထမင်းစားခန်းထဲတွင် လူစုံတက်စုံရောက်နှင့်နေခဲ့ြပီ။ ပန်းရင့်ရောင် ခုံမှာဝင်ထိုင်လိုက်ြပီဆိုတာနဲ့ ဒယ်ဒီကြီးချက်ချင်းထထွက်သွားဖို့ မတ်တပ်ရပ်လိုက်ေလသည်။ ပန်းရင့်ရောင်လဲ ထိုင်ပြီးမှပြန်ရပ်လိုက်ကာ
"အဲ့သလောက်တောင် သမီးကိုမုန်းနေလား"
"ဘာကိုလဲ နားမလည်ဘူး"
"အတိတ်ကဖြစ်ရပ်ကြောင့် ဒယ်ဒီကြီးတစ်ယောက်ထဲခံစားနေရတယ်ထင်နေတာလား"
"တိတ်စမ်း!အတိတ် အတိတ်နဲ့လာမပြောစမ်းနဲ့ နင်က အဲ့လိုပြောဖို့်တောင်မထိုက်တန်တဲ့သူမလို့ ကြားရတာအဆင်ပြေမနေဘူး"
ဒယ်ဒီကြီး လေသံမာမာနဲပန်းရင့်ရောင်ကိုအော်ပြောခဲ့သည်။
"အဆင်မပြေတာကိုတော့ ပြေအောင်မလုပ်ပေးတတ်ဘူး ဒါပေမဲ့ ပန်းရောင်ရည်ရွယ်ခဲ့တာမှမဟုတ်တာ "
သားအစ်ဖနှစ်ယောက် တစ်ယောက်တစ်ခွန်းပြောနေကြတာကို ထိုင်ခုံမှာထိုင်ေနတဲ့ မာမီကြီး သက်ပြင်းချရုံလွဲလို့ လုပ်ပေးနိုင်တာဘာမှမရှိပါ ။
"မရည်ရွယ်ပါဘူး ဟုတ်လား မမပန်းရင့်ရောင် " ဆိုပြီး
ဒယ်ဒီကြီးက ခနဲ့တဲ့တဲ့ပြောလိုက်တော့ ပန်းရင့်ရောင် ခနမျှငြိမ်ကျသွားခဲ့သည်။ အနည်းငယ်ကြာမှ"အချိန်တန်လို့" ဆိုတဲ့တစ်ခွန်းသာပြောပြီး ထမင်းစားခန်းထဲကထွက်လာခဲ့လေသည်။ ခြံထဲကသူမရဲ့မော်ဒယ်မြင့်ကားပေါ်တက်ကာ ကော်ဖီဆိုင်သို့မောင်းနှင်လာခဲ့သည်။
ပန်းရင့်ရောင် ထွက်သွားြပီးခနကြာမှ ဒယ်ဒီကြီးလဲ အိမ်ရှေ့ခြံထဲကဒန်းလေးဆီထွက်ထိုင်လေသည်။
မာမီကြီးမှာတော့ တတ်နိုင်တာဘာမှမရှိတာကြောင့် ခေါင်းကိုသာရမ်းလိုက်ပြီး