ကြေွလွင့်သွားသော
"ငါ.....အိပ်...ချင်..ပြီ...မောင်"
"အိပ်ရမှာပေါ့...ဒါမဲ့ခုတော့မအိပ်ရဘူးနော်...နော်ငယ်....မောင်နဲ့စကားတွေပြောကြမယ်လေ...မအိပ်ရဘူးနော် "
"မောင်....ငါ့ကို....ချစ်လား...ဟင်"
နာကျင်နေတဲ့ကြားထဲကနောက်ဆုံးအနေနဲ့မေးလိုက်မိသည်။ တစ်ခွန်းပြောဖို့တောင်မနည်းအားယူနေရတဲ့ကျွန်တော်ကမောင်နဲ့စကားတွေပြောရမယ်တဲ့လားမောင်ရယ်...
အတူရှိခဲ့တုန်းကဘာလို့အခွင့်အရေးမပေးခဲ့တာလဲ....ခုတော့ငါတို့ကံကုန်ချိန်ရောက်နေပြီ မောင် ငါဆုတောင်းပါတယ် နောက်ဘဝဆိုတာရှိလာရင်တောင်မောင်နဲ့ထပ်မဆုံရစေဖို့
ဒီဘဝမှာတင်မောင့်အပေါ်ငါ့အချစ်တွေပုံပေးခဲ့ပြီးပြီလေ လုံလောက်တဲ့အချစ်တွေနဲ့ပေါ့....."ချစ်တာပေါ့ မောင်ငယ့်ကိုသိပ်ချစ်ပါတယ်"
"အင်း....."
မကြားတစ်ကြားလေးပြောပြီးမျက်လုံးအစုံလုံးဝမှိတ်သွားခဲ့ပြီ ။ ကျွန်တော့်အသိနဲ့အာရုံအားလုံး မောင့်ရဲ့ ' ချစ်တယ် ' ဆိုတဲ့စကားမှာတင်ချူပ်ငြိမ်းသွားခဲ့လေသည်။ နောက်ဆုံးအချိန်လေးမှာတော့ ကြားချင်တဲ့စကားလေးကြားခွင့်တော့ရသွားတာကြောင့် ကျေနပ်မိသည်။ လောကကြီးထဲကနေ ကျွန်တော့်နေဝင်ချိန်ဟာ ရောက်ခဲ့လေပြီ။
"ငယ်....ငယ်မောင့်ကိုကြည့်ပါအုံး.....
ငယ်လို့..မောင်ခေါ်နေတယ်လေ""မောင်လေး....စိတ်ထိန်းပါ..."
ပန်းရင့်ရောင်ဝင်ပြောသော်လည်း မထူးပါ ။ တည်တ့ံငိုပြီးရင်းငိုနေရှာသည်။ ရင်ခွင်ထဲကအသက်မဲ့နေတဲ့ကောင်လေးကတော့ စိတ်ချစွာ ထွက်သွားလေခဲ့သည်။
"ဆေးရုံ...ဟုတ်တယ် ဆေးရုံသွားမယ်...ငယ့်ကိုမောင်ဆေးရုံခေါ်သွားမယ်နော်"
ပြောပြီးတာနဲ့အလှုပ်အယှက်မရှိတော့တဲ့ကောင်လေးရဲ့ကျောဘက်ကိုလက်ဝင်လျှိူပြီးသံချွန်ကြီးကိုဆွဲနှုတ်လိုက်သည် ။ဆွဲနှုတ်လိုက်တဲ့အရှိန်ကြောင့် ပန်းထွက်လာတဲ့သွေးတွေက ရေပန်းအလားထင်ရပါသည်။