ကြေွလွင့်သွားသော
"ဟဲ့ မောင်လေး နင်ဘယ်လိုဖြစ်နေတာလဲ တိတ်စမ်း Zကိုအားနာစရာကြီး"
"အားနာတယ် ဟုတ်လား ဘာကိုအားနာနေတာလဲ သူတို့တောင်အားမနာတမ်း မိုးမမြင်လေမမြင်ဖြစ်နေကြတာလေ"
"အဲ့ဒါကလူမှုရေးအရ သတင်းလာမေးတာလေ နားလည်မှုရှိစမ်းပါ ပြီးတော့ Zနဲ့သိတာလဲငါမိတ်ဆက်ပေးထားလို့ "
"သိတာဖြင့် ဘယ်လောက်မှမကြာသေးဘူး အခြေနေတွေကမြန်ဆန်နေလိုက်တာ သဘာမောင်တို့ကဒါမျိုးနေရာမှာလဲတော်တယ်နော် အဟက်"
မောင်နဲ့Zတစ်ယောက်တစ်ခွန်းပြောရာမှ ခုတော့မောင်နှမနှစ်ယောက်ပြောနေကြသည် ။ သို့ပေမဲ့ မောင်ပြောတဲ့စကားတိုင်းကကျွန်တော့်ကိုနာကျင်စေပါသည် ။
မောင်ခုကျွန်တော့်ကိုမုန်းနေတာထက်မယုံကြည်တော့တဲ့အဆင့်ဖြစ်နေသည် ။ အယုံကြည်ကင်းမဲ့ပြီးမုန်းနေတဲ့မောင့်ဆီက ဘယ်လိုနာကျင်မှုတွေထပ်ပြီးရနေအုံးမလဲမသိပေမဲ့ နာကျင်မှုကတော့လျော့မသွားနိုင်တာကျွန်တော်သိပါသည် ။
"မောင်! တော်တော့ မဆိုင်တဲ့လူကိုဘာလို့ဆွဲထည့်ပြီး ပြောနေတာလဲ ငါ့ကိုပဲပြောပါ"
မနေသာလို့ကျွန်တော်ရှိတဲ့အားလေးနဲ့အော်ပြောလိုက်သည် ။
"ဘာလဲ မင်းအကောင်ကိုထိလို့နာနေတာလား ဟမ်"
"မောင် မောင့်စကားတွေအရမ်းလွန်မလာနဲ့နော် တစ်ဖက်လူကိုလေးစားပါအုံး"
"လေးစားရမယ်ဟုတ်လား ငါဆိုတဲ့ကောင်ကမင်းနဲ့ပတ်သတ်ရင် ဘယ်အရာကိုမှမသတီဘူး အားလုံးကိုရွံတယ်"
မောင်လွန်ပါသည် ပစ်ပစ်ခါခါကိုပြောရက်လိုက်တာ ကျွန်တော်မောင့်ဘေးမှာဆက်မနေရဲလောက်အောင် နာကျင်မှုတို့လှောင်ရယ်နေခဲ့သည် ရက်စက်ပါသည်မောင်....
"ရပါတယ် ကိုယ်လာတာက သဘာအဆင်ပြေရဲ့လားလာကြည့်တာပါ ခုစိတ်ချရပြီဆိုတော့ကိုယ်ပြန်ပါ့မယ် ကိုယ်ရှိနေရင်သဘာအဆင်မပြေဖြစ်မှာစိုးလို့ ပြီးတော့ အာရုံတွေလဲနောက်တာကြောင့် ကိုယ်ပြန်တော့မယ်နော် ဂရုစိုက် "