Uni
ကြေွလွင့်သွားသော
ဲမိုးတွေသဲကြီးမဲကြီးရွာနေပြန်ပြီ....
မှန်ပြတင်းပေါက်ကနေဝမ်းနည်းစွာငေးမောနေတဲ့အမျိူးသမီးငယ်လေးလဲရှိနေခဲ့တာပေါ့သူမဟာကြည့်နေရင်းမှမျက်ဝန်းထက်ကမျက်ရည်တို့ ဆည်ကျိူးသလိုကျဆင်းရင်းနှုတ်ခမ်းတို့မကြားတကြားရေရွတ်ခဲ့တယ် ။
"ကောင်းမွန်စွာနေနေရဲ့လားကလေးငယ်တို့" ဆိုပြီးရေရွတ်ကာ...
သူမမျက်ရည်တို့ကိုသုတ်ပြီး စံအိမ်ကြီးရဲ့အောက်ထပ်ကိုဦးတည်ဆင်းလာခဲ့တယ် ။အောက်ထပ်ရောက်တော့မီးဖိုခန်းထဲဝင်ကာ မိဖြူဆိုသူအမျိူးသမီးငယ်ကို..
"ညနေစာတွက်ဘာစီစဥ်ထားလဲ..ဒယ်ဒီကြီးပြန်လာတော့မာမို့အဆင်သင့်ဖြစ်နေစေချင်တယ်"
"ဟုတ်ကဲ့ မမလေး ဒယ်ဒီကြီးအကြိုက်တွေကိုမာမီကြီးက အကုန်ပြောပြီးသွားပါပြီ မိဖြူအဆင်သင့်ဖြစ်အောင်လုပ်နေပါတယ်ရှင့်ပြီး ခါနီးပါပြီ "
ထိုသို့မိဖြူဆိုသူကောင်မလေးပြန်ပြောလာခဲ့တယ်။
"အင်း ကောင်းပြီ" ဟုဆိုကာဧည့်ခန်းထဲသို့လာခဲ့သည် ။
စံအိမ်ကြီးရဲ့ဘယ်နေရာမှာမဆို မလွတ်မြောက်နိုင်တဲ့အတိတ်တို့ရဲ့အငွေ့အသက်တွေဟာယနေ့ချိန်ထိစိုးမိုးထားဆဲပါပဲ ။
သူမဧည့်ခန်းထဲရောက်ပြန်တော့လဲ နေ့တိုင်းမြင်တွေ့နေကျဆိုပေမဲ့ တွေ့လိုက်တဲ့အချိန်တိုင်း သူမအကြိမ်ကြိမ်ခံစားရပါသည် ။
သူမကိုမြင်တိုင်းခံစားစေတဲ့အရာလေးဟာဖြင့်
အပြစ်တို့ကင်းစင်ပြီး အလှဆုံးအပြုံးလေးပြုံးကာ ကြည့်လိုက်တာနဲ့ လိုက်ပြီးပြုံးမိအောင်ကိုဆွဲဆောင်မှုရှိနေပါသော အသက်နှစ်ဆယ်ဝန်းကျင်ကောင်လေးနှစ်ယောက်
ကောင်လေးနှစ်ယောက်ပုံကို သူမကြည့်ပြီး အငိုမျက်လုံးအပြုံးမျက်နှာဆိုသလိုပေါ့ သူမထပ်ပြီးငိုကြွေးပြန်ပြီ ။
"မမတောင်းပန်ပါတယ်ကွယ် အရာအားလုံးကို မမဖန်တီးခဲ့တာပါ ဆုံးရှုံးရမှာကြောက်တဲ့စိတ်တစ်ခုထဲနဲ့ ခုလိုအခြေနေထိဖြစ်လာလိမ့်မယ်လို့ ကြိုမှမသိနိုင်ခဲ့တာ သိခွင့်ရခဲ့မယ်ဆိုရင် မမလက်လျော့လိုက်မှာပါ ခွင့်လွတ်ပါလို့မတောင်းဆိုရက်ပေမဲ့ မနာကျည်းလိုက်ပါနဲ့နော် မမရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ပါဘူးကွယ်"