ကြေွလွင့်သွားသော
ပန်းရင့်ရောင်နဲ့ဖုန်းပြောပြီး စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ မနက်ဖြန်တွက်ပြင်ဆင်ရန်ကိုကို့ဆီသွားခဲ့သည် ။ ကိုကိုကတော့စာအုပ်လေးနဲ့သာအချိန်ကုန်နေပြန်သည်။ လက်ဆောင်လေးကိုပြီးပြည့်စုံအောင်လက်ရေးဝိုင်းလေးတွေနဲ့ချယ်သနေလေရဲ့....
"ကိုကို.... "
"အော် Zလာလေ"
"လက်ဆောင်လေးကပြီးပြီလား "
"အင်း...ပြီးတော့မယ် ဒါနဲ့ပြောစရာရှိလို့လား"
"ဟုတ် မနက်ဖြန်အလုပ်ရှိလို့ကိုကိုပါလိုက်မလားလို့လာမေးတာ"
"ပန်းချီဆွဲရမှာလား"
"ဟုတ်တယ် ကိုကိုလဲအမှတ်တရဓာတ်ပုံလေးဘာလေးရိုက်လို့ရတာပေါ့"
"အင်း....လိုက်မယ်လေ "
"Ok အဲ့ဒါဆိုမနက်ဖြန်ကိုးနာရီလောက်သွားကြမယ်"
"အင်း...သွားတာပေါ့"
ကိုကို့ကိုပြုံးပြပြီး ကျွန်တော့်အခန်းကိုပြန်လာခဲ့လိုက်သည်။ တကယ်ပါရင်ထဲမှာအရမ်းဝမ်းနည်းမိပါသည်။ ကျွန်တော်မျက်ရည်တွေပင်ကျမိသည်အထိ ခံစားရပါသည်။
တောင်းပန်တာနဲ့မလုံလောက်မှန်းလဲသိပေမဲ့..မတတ်သာတဲ့အခြေအနေမှာကျွန်တော်လုပ်မှဖြစ်မှာမလို့....တောင်းပန်ပါတယ် ကိုကို....•••••••••••••
Zကမနက်ဖြန်ပုံဆွဲရမှာဆိုတော့ ကျွန်တော်လဲပျင်းနေရမဲ့တူတူဓာတ်ပုံလေးဘာလေးရိုက်ပြီး အမှတ်တရအနေနဲ့ မောင့်အတွက်ပြင်ဆင်ထားတဲ့လက်ဆောင်လေးထဲထည့်ပေးချင်ပါသည်။ ကျွန်တော်မောင်နဲ့ဝေးရာကိုထွက်ပြေးခဲ့ပေမဲ့ ကျွန်တော့်အတွေးထဲမှာမောင်သာစိုးမိုးထားဆဲပါ......
အရမ်းချစ်ခဲ့တော့ ပေးဆပ်ရတာတွေကလဲများနေပြန်သည်။လွမ်းတယ်မောင်ရေ.....
"မောင်လေး မနက်ဖြန်မောင်လေးကို သဘာရှိတဲ့ဆီခေါ်သွားပေးမယ်"
"အင်း....ကျွန်တော်ခံနိုင်ရည်ရှိပါ့မလား"
"အို...ခံနိုင်ရည်မရှိစရာလား မောင်လေးနောက်မှာမမရှိတယ်"