ကြေွလွင့်သွားသော
တည်တံ့ကားလေးအိမ်ထဲဝင်လာသည်နဲ့ အိမ်ရှေ့မှာခါးထောက်ပြီး စိတ်တိုနေတဲ့မမကိုမြင်လိုက်ရသည်။ ခုလေးတင်ချစ်ရသူနဲ့ပျော်လာတဲ့အပျော်လေးတွေကြောင့် သူကတော့ပြုံးလို့နေသည်။
"ဘယ်ကပြန်လာတာလဲ မနေ့ကမှပြန်ရောက်တယ် ဒီနေ့လမ်းသလားနေပြီပေါ့ ဟုတ်လား "
"အာ မမကလဲ မဟုတ်ပါဘူး ကျွန်တော်က ဒီတိုင်းကားပတ်မောင်းတဲ့ဟာကို ဘာတွေဒေါသထွက်နေတာလဲ"
"နင်လည်တယ်ဆိုတာလောက်ကတော့ ပန်းရင့်ရောင်တို့အိပ်နေသလောက်ဘဲရှိတယ် သဘောပေါက် "
"စောစောစီးစီး ရစ်နေပြန်ပါပြီ မမရာ"
"နင် ဆိုင်ကိုသွားပြီး ဟိုအကောင်ကိုသွားရှာတယ်ဆို"
"ဟမ်...! ဘယ်လို..ဘယ်လိုလုပ်ပြီး....."
"နည်းပညာခေတ်မှာ သိချင်တာကိုသိနိုင်ဖို့်မခက်ပါဘူး နင်ပိုသိပါတယ် နိုင်ငံခြားကပြန်လာတာပဲ "
"ဟုတ်တယ် သွားရှာတယ် ဘာဖြစ်လဲမမရာ အရေးကြီးလို့လား"
"ငါပြတ်ပြတ်သားသားပဲပြောမယ် နင်အဲ့ကောင်နဲ့မပတ်သတ်ရဘူး အဲ့ကောင်နဲ့မှမဟုတ်ဘူး ဘယ်ကောင်တွေကောင်မတွေနဲ့မှမပတ်သတ်ရဘူး နင့်ကို ငါရော မာမီကြီးနဲ့ ဒယ်ဒီကြီးတို့ကခုထိချစ်လို့မဝကြသေးဘူးလေ ငါတို့ရှိနေရင်ရပြီ "
"ကျစ်..အတ္တတွေ မကြီးစမ်းပါနဲ့ အဲ့အတ္တတွေဘယ်လောက်ပူလောင်လဲမမသိလား ကျွန်တော်ကတော့ အဲ့ကောင်လေးကိုရအောင်ယူမှာ"
"တည်တံ့!"ပန်းရင့်ရောင် အော်လိုက်တာကြောင့် တည်တံ့ကိုယ်တိုင်လန့်သွားခဲ့ရသည် အပေါ်ထပ်က ဒယ်ဒီကြီး နဲ့မာမီကြီးတို့ကပါ ဘာဖြစ်ကြတာလဲ ဆိုပြီး ဆင်းလာခဲ့ကြသည်
မာမီကြီးကနေလာပြီး
"စောစောစီးစီး ဘာလို့အော်နေတာလဲ ပတ်ဝန်းကျင်နဲ့နော်"
"သမီးဆိုင်သွားတော့မယ်"ဆိုပြီး ကားကိုခပ်ကြမ်းကြမ်းမောင်းထွက်သွားခဲ့လေသည်။
ဒယ်ဒီကြီးကတော့
"နိုင်ငံခြားပြန် ဒယ်ဒီ့သားလေးလာပါအုံး"