ep21 (unicoad)

2.1K 228 11
                                    

ကြွေလွင့်သွားသော

ဒီနေ့ဆို မောင်ခရီးသွားတာတစ်လပြည့်ခဲ့ပြီ ။ ပြန်လာမယ်အထင်နဲ့မောင်ကြိုက်တတ်တဲ့ဟင်းလေးတွေကိုယ်တိုင်ချက်ထားပြီး မောင်မသွားခင်ကကိစ္စကိုရှင်းပြပြီးတောင်းပန်ဖို့စောင့်နေခဲ့သည် ။ လွမ်းလွန်းလို့အရမ်းကိုတွေ့ချင်နေပါပြီမောင်ရေ....

အချိန်အားဖြင့်ညနေလေးနာရီလောက်ဖြစ်မည် ။ မောင်ပြန်လာရင်စားဖို့် မောင့်အကြိုက်တွေမီးဖိုထဲမှာချက်နေမိသည် လက်ထပ်ပြီး ကတည်းကဘာမှမလုပ်ရပေမဲ့ မောင့်အတွက်ဆိုတဲ့စိတ်နဲ့ လေ့လာထားတဲ့အရာလေးတွေတော့ရှိခ​ဲ့သည် ။ ကျွမ်းကျင်တဲ့ထဲကမဟုတ်ပေမဲ့ အဆင်ပြေအောင်တော့ကြိုးစားနေခဲ့ပါသည် ။ ကြက်သားလေးပြုတ်အရိုးထုတ်ပြီး ငရုတ်သီးနဲနဲနဲ့ချဥ်ငံစပ်လေးသုပ် ၊ ဘူးသီးဟင်းရည်လေးနဲ့ ပဲလေးကြော်ထားလိုက်သည် ။

တစ်ခါမှမလုပ်ဖူးတာကြောင့် ကြက်သားပြုတ်ရင်းရေနွေးပူကလောင်ခဲ့သေးသည်။ ဒါ​ေပမဲ့မောင့်အတွက်ဆိုတဲ့အသိနဲ့ နာကျင်မှုတို့လုံးဝပျောက်သွားရသည် ။

"မောင်...ပြန်လာ​ြပီလား ပင်ပန်းနေမှာပေါ့ "

"ပြန်လာလို့တွေ့ရတာလေ အပိုတွေလာမေးမနေနဲ့"

"အင်းပါ....မောင်ရေအရင်ချိူးလိုက်လေ ငယ်ထမင်းပြင်ထားပေးမယ်"

"မစားဘူး မပြင်နဲ့ သည်းငယ်(တိမ်ဆိုင်) နဲ့အပြင်မှာစားခဲ့ပြီ "

".....အော်"

အားလုံးသဲထဲရေသွန်ဖြစ်ရပြန်ပြီ ။ ဟုတ်ပါသည် အမှတ်မရှိတဲ့ကျွန်တော်က ကျွန်တော်ချက်ထားတဲ့ဟင်းတွေကိုမောင်စားမယ်လို့မျှော်လင့်မိနေခ​ဲ့တာလေ ။အရှက်မရှိ ဘယ်တုန်းကမှမရဖူးတဲ့အရာကိုတောင့်တနေမိတဲ့ကျွန်တော်ကရူးနေပြ ထင်ပါရဲ့....

အပေါ်ထပ်ကိုတက်သွားတဲ့မောင့်ကျောပြင်လေးကိုသာငေးကြည့်နေမိသည်။ ကျွန်တော်ဆိုတဲ့ကောင်ကလဲမောင်ဆိုတာနဲ့ အရာအားလုံးပေးဆပ်ချင်နေမိတာပါပဲ ။ မျက်ရည်တွေနဲ့ ငါ့အချစ်တွေမောင်မြင်ပါ​စေ......

••••••••••••

ခြံထဲကိုကားလေးဝင်သည်ဆိုရင်ဖြင့် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ခရီးပမ်းတာတွေတောင်မရှိတော့ဘဲ အလိုလိုပြုံးမိသွားသည်။ ချစ်ရသူကစီးကြိုနေတာမို့်လေ...

ကြွေလွင့်သွားသော {Complete }Where stories live. Discover now