ကြေွလွင့်သွားသော
မိုးရာသီတောင်ဘာလိုလိုနဲ့ရောက်ခဲ့ပြီလေ ခုလဲမိုးတွေရွာနေလိုက်တာ ဒီချိန်ငယ်အရမ်းကြောက်နေမလားနော် မောင်ဖက်ထားပေးချင်လိုက်တာ ဒါမဲ့အချိန်တွေနှောင်းခဲ့ပြီပဲလေ ဟိုး.....အတိတ်တုန်းကပေါ့.....
"ငယ်. မောင်ကမိုးရွာရင်သိပ်ကြိုက်တာ"
"ဟင့် စိုတိစိုဖတ်နဲ့ဘာလို့ကြိုက်တာလဲ ငယ်ကတော့မကြိုက်ပါဘူး ကြောက်တယ် "
"မိုးစက်လေးတွေကိုသဘောကျလို့ "
"ဒါဆိုငယ့်ကိုတော့သဘောမကျဘူးပေါ့ ဟုတ်လား "
"ဟား..ဟား..မဟုတ်ရပါဘူးကွာ ငယ်သည်သာမောင့်ဘဝပါဗျာ"
"အပိုတွေ လျှာထုတ်ပြစမ်း"
"ဘာလုပ်မလို့လဲ"
"အရုိးရှိမရှိကြည့်မလို့လေ လျှာရိုးမရှိတိုင်းလျောက်ပြောနေလို့"
"ဟင် ငယ့်မှာရောလျှာရိုးရှိလို့လား"
"ရှိတယ် ရှိတယ် နော် ငယ်တို့ကဖွက်ထားတာလိုအပ်မှထုတ်သုံးတာ ဟွန့်"
"ဟား...ဟား...ဟား... ငယ်ရာ ပြောတတ်လိုက်တာ အဲ့လိုလေးတွေကိုမောင်အသေချစ်"
"တော်ပါ "
"တကယ်ပါကွာ ဒါနဲ့ငယ်ကဘာလို့မိုးရွာရင်ကြောက်တာလဲဟင်"
"အင်း..ပြောရရင်ဒဏ္ဍာရီဆန်နေမလား ငယ့်အဖေကမိုးရွာထဲမှာပဲ မရှုမလှသေခဲ့ရတာလေ အဲ့နေ့ကမိုးတွေကအရမ်းရွာပြီး လျှပ်စီးတွေလှပ်လိုက်တိုင်းလောကကြီးလင်းထိန်သွားတဲ့ထိ
အဲ့လိုအခြေအနေမျိူးမှာမိုးခြိမ်းသံတွေကလဲမြိုင်ဆိုင်နေတယ်လေ မိုးရေထဲမှာလဲကျနေတဲ့အဖေ့ကိုလျှပ်စီးလှပ်တိုင်းလင်းသွားလို့မြင်ရတဲ့မြင်ကွင်းက အသဲခိုက်အောင်နာကျင်ရတာမို့ မိုးရွာတိုင်းကြောက်နေမိတာ တစ်ခုခုကိုထပ်ပြီးမဆုံးရှုံးချင်တော့ဘူး"
ငယ့်စကားအဆုံးရင်ခွင်ထဲကိုဆွဲထည့်ပြီး ဖက်ထားလိုက်သည်။ အရမ်းဝမ်းနည်းခဲ့ရပြီး အရမ်းခက်ခဲခဲ့ရှာမှာ ခုလဲပြောရင်းနဲ့ငိုနေတဲ့ကလေးငယ်