ကြေွလွင့်သွားသော
ပန်းရင့်ရောင် အိမ်ပြန်ရောက်တော့ဒယ်ဒီကြိီးက ဆေးရှိန်ကြောင့်အိပ်ပျော်နေပြီ။
"ဘယ်လိုဖြစ်တာလဲ "ပန်းရင့်ရောင် အိပ်ခန်းထဲဝင်ဝင်ချင်းမေးလိုက်သည်
"အော် သမီးပြန်လာြပီလား"
"အင်း ပြောပါအုံးဖြစ်ပုံကို ခုကောအခြေအနေကဘာတဲ့လဲ သက်သာသွားပြီလား "
"ဆရာဝန်လာကြည့်ပြီး သက်သာအောင်ဆေးထိုးခဲ့ပေးတယ် သောက်ဆေးတွေလဲပေးခဲ့တယ် ဖြစ်ပုံကတော့ ဆေးရုံကအပြန်အိမ်ရောက်တော့ ဧည့်ခန်းထဲကဓာတ်ပုံကိုကြည့်ပြီး တစ်ယောက်ထဲ ရေပက်မဝင်အောင်စကားတွေပြောနေတော့တာပဲ "
"အဲ့ဒါနဲ့ဘယ်လိုမူးလဲတာလဲ "
"အဲ့ထိကအကောင်း alcohol နဲ့မတည့်မှန်းသိသိကြီးနဲ့သောက်တယ်လေ ပြီးတော့စကားတွေပြောပြီးငိုနေလိုက်တာ မြင်ရတဲ့သူစိတ်ဆင်းရဲရတယ် ရုတ်တရက် ထရပ်လိုက်တာအဲ့ချိန်မူးလဲကျသွားတော့တာပဲ "
"အော်...ဒယ်ဒီကြီးရယ် သမီးတောင်းပန်ရုံကလွဲလို့ တတ်နိုင်တာမရှိတာမို့ ခွင့်လွတ်ပါလို့လဲမတောင်းဆိုရဲတော့ပါဘူး "
အိပ်ပျော်နေတဲ့ဒယ်ဒီကြီးကိုကြည့်ပြီးပန်းရင့်ရောင် ရေရွတ်နေမိသည် ။
•••••••••••••••
ညနေစာစားပြီး ခြံထဲကိုပန်းရင့်ရောင် လမ်းလျောက်ရန်ဆင်းလာခဲ့သည်။ လမ်းလျောက်ရင်းသူမတွေးနေမိတာက ဒီနေ့ပြီးအောင်မပြောဖြစ်ခဲ့တဲ့ပုံပြင်လေးအကြောင်းဖြစ်သည်။ သူမပြီးဆုံးအောင်ပြောပြချင်နေမိတာကြောင့် အဲ့နေရာလေးကိုထပ်သွားဖို့ဆုံးဖြတ်လိုက်ပြန်သည်။
အတော်ကြာပြီးမှ သူမအိပ်ချင်လာတာကြောင့် အိမ်ထဲပြန်ဝင်ခဲ့သည် ဧည့်ခန်းကဓာတ်ပုံလေးကိုလဲကျော်မသွားနိုင်တာကြောင့်
"ကောင်းသောညပါကောင်လေးတို့"ဆိုပြီး ပြုံးပြုံးလေး နှုတ်ဆက်ပြီးမှ သူမရဲ့အိပ်စက်ခြင်းကိုစတင်ခဲ့လေသည်။
မနက်ရောက်တော့ ဒယ်ဒီကြီးအခြေအနေသက်သာ၏ မသက်သာ၏ကြည့်ပြီးမှသာ ကော်ဖီဆိုင်လေးသို့ထွက်လာခဲ့လိုက်သည်။ ဆိုင်ရောက်ြပီဆိုတာနဲ့ လုပ်စရာရှိတာတွေလုပ် ဆိုင်ရှင်နဲ့ဝန်ထမ်းဆိုပြီး မခွဲခြားဘဲအလုပ်လုပ်တတ်တဲ့အကျင့်လေးကတော့ သူမ၏အကျင့်တွေထဲကကောင်းတဲ့အကျင့်လေးဖြစ်၏။