ကြေွလွင့်သွားသော
မောင့်ဆီကနွေးထွေးမှုကိုမနက်ကမှငွေ့ငွေ့လေးရထားတာကိုခုတော့ဘာမဟုတ်တဲ့စာအုပ်တစ်အုပ်ကြောင့် မောင့်အမုန်းတွေထပ်မံခံရပြန်သည် ။ ကျွန်တော်သိမှရမည် ဘာလို့ခုလိုလုပ်ရတာလဲဆိုတာကိုပေါ့ ။ ' Z 'ကဘာဖြစ်ချင်နေလဲဆိုတာကိုသိရအောင် ဟိုတစ်ခါတုန်းကသူပေးခဲ့တဲ့လိပ်စာကဒ်လေးရှာပြီး ဖုန်းဆက်ရန်ပြင်လိုက်သည် ။
နံပါတ်လေးတစ်ခုကိုနှိပ်လိုက်တော့......
တစ်ဖက်ကဖုန်းကိုင်လာခဲ့သည်။"Zနဲ့ပြောချင်လို့ ခေါ်ပေးပါ "
"ခုပြောနေတာZ ပါ ဘယ်သူပါလဲ "
"ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဟမ်!ငါမေးနေတယ်လေ"
"ချစ်လို့.... ချစ်လွန်းလို့ မင်းနာကျင်နေတာကိုမကြည့်ရက်လို့ "
"ရူးနေလား...ငါ့မှာအိမ်ထောင်နဲ့ဆိုတာမင်းသိနေတာကို အရေးမပါတဲ့စကားတွေလာမပြောနဲ့"
"အရေးမပါဘူး ဟုတ်လား မင်းတွက်တော့မှန်ချင်မှန်လိမ့်မယ် ဒါမဲ့င့ါတွက်တော့အဓိပ္ပါယ်အပြည့်ပါတယ်ဆိုတာသိထားပါ"
"ငါ...ငါမောင်ကလွဲပြီး ဘယ်သူ့ကိုမှမချစ်နိုင်ဘူး အဲ့တော့ငါ့ကိုလာမပတ်သတ်ပါနဲ့ တောင်းဆိုတာပါ"
ပြောပြီးပြီးချင်းကျွန်တော်ဘက်ကဖုန်းချလိုက်သည် ။ ရင်ထဲမှာလဲမတူညီတဲ့ခံစားချက်နှစ်ခု မောင်ကကျွန်တော့်ကိုနာကျင်စေချင်သည် သို့်သော် ' Z 'ကမကြည့်ရက်ဘူးတဲ့လေ ဒါမဲ့မောင့်ကိုသာမြတ်နိုးရာအစစ်ဖြစ်တာမို့ မောင်ကျေနပ်တဲ့ထိတောင်းပန်ဖို့ဆုံးဖြတ်လိုက်သည် ။
တီ...တီ....တိ....
ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်တော့နံပါတ်စိမ်းတစ်ခု"Hello "
"ဟုတ်ကဲ့ သဘာမောင်ပါလားခမျ"
"ဟုတ်ပါတယ် ဘယ်သူပါလဲ"
"အော် ကျွန်တော်ကbossရဲ့မန်နေဂျာပါ bossကဖုန်းဆက်ပြီး ပြောခိုင်းတာလေးရှိလို့ပါ"
"ပြောပါ "
"Boss က အလုပ်ကိစ္စနဲ့ရော တိမ်ဆိုင်ဆိုတဲ့ကောင်လေးကြောင့်ပါ ပုဂံဘက်ကိုတစ်လလောက်ခရီးသွားမယ်တဲ့ အဲ့ဒါလေးပြောခိုင်းလို့ပါ"