ကြွေလွင့်သွားသော
သူ့အပိုင်လို့ခံယူထားတဲ့လူသားလေးဆီက မပြောချင်ဘဲပြောပေးတဲ့ good night ဆိုတဲ့စကားလေးကြောင့် တည်တ့ံတစ်ယောက် ကောင်းစွာအိပ်ပျော်ခဲ့သည်။ အိမ်မက်တို့လဲထိုညကလှပနေခဲ့သည်ကအသေအချာပင်။
သဘာမောင်ကတော့ ဘာမှန်းမသိတဲ့ခံစားကြီးနဲ့ အတွေးကမ္ဘာထဲရောက်နေသည် ။
"သူကgayမဟုတ်ဘူးလဲပြောတယ် ပြီးတော့ ငယ် ၊ မောင် အား...... ဘာတွေလဲကွာ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ အဆိုးဆုံးကတော့ ဘာတဲ့ ချစ်တယ်ဆိုတာကြီးပဲ အိပ်တာဘဲကောင်းပါတယ်"
တစ်ယောက်ထဲအလိုမကျဖြစ်နေရာကနေအိပ်ရာဝင်ခဲ့တဲ့ကောင်လေး
မနက်ရောင်နီတို့ဖြာကျပြီး ကျေးငှက်တို့ရဲ့ကျီကျီကြာကြာအသံနဲ့အတူ ကောင်လေးနှစ်ယောက် တစ်နေရာကဆီကနေနိုးထလာခဲ့ကြသည်။
ဖြစ်တည်လာတဲ့မိသားစုနှစ်ခုကမတူတာကြောင့်
တည်တ့ံနိုးလာတာနဲ့ သူဘာလုပ်ချင်လဲ အားလုံးအဆင်သင့်ရှိနေသည်။ စိတ်အလိုမကျတိုင်းပေါက်ကွဲခွင့်တို့ရှိသည်။ လိုချင်တာကိုလဲမရရအောင်ယူနိုင်သည်။
တစ်ဖက်မှာတော့ တည်တ့ံဘဝနဲ့ဆန့်ကျင်စွာပါပဲ နိုးလာြပီဆိုတာနဲ့ သူ့တွက်ဘာလိုအပ်လဲဆိုတာထက် အမေနဲ့ညီမလေးဘာလိုအပ်လဲကအရေးကြီးနေသည်။ အဆင်မပြေတာတွေရှိတိုင်း ပေါက်ကွဲဖို့ထက်မြိုသိပ်ခဲ့ရတာကများသည် လိုချင်တာကိုရအောင်ယူနိုင်ဖို့အတွက် အမှန်တကယ်သူ့တွက်ဘာလိုအပ်နေမှန်းတောင်မသိရှာတဲ့ကောင်လေး
ဒီလိုမျိူးအစစအရာရာ မတူညီတဲ့မိသားစုနှစ်ခုကကောင်လေးနှစ်ယောက်.....
သဘာမောင် ်နိုးြပီဆိုတာနဲ့ အမေတွက်လိုအပ်တာလုပ်ပေး ညီမလေးတွက်ပြင်ဆင်ပေးစရာပြင်ပေးပြီးတာနဲ့ သူလဲကျောင်းသွားဖို့ထွက်လာခဲ့သည်။ ကော်ဖီဆိုင်ကနေ့လယ်မှသွားရမှာဆိုတော့ အဆင်ပြေသည်။
တည်တ့့ံတစ်ယောက်လဲ နိုးထလာတာတောင် သူ့အပိုင်လေးကိုတမ်းတပြီးမှနိုးလာခဲ့သည်။
"ငယ့်ကိုမောင်ထပ်ပီးတွေ့ချင်သေးတယ် morning ငယ်ရေ"ဆိုပြီး လုပ္စရာရွိတာ လုပ်နေတော့သည်။ ပြီးတာနဲ့ သူ့အစ်မအိမ်ကမထွက်ခင်သူအရင်ထွက်နိုင်မှသက်သာမည် ဒါကြောင့်မြန်မြန်လေးထွက်လာခဲ့လိုက်သည်