ကြေွလွင့်သွားသော
"မမနဲ့အပြင်လိုက်ခဲ့ပါလား တစ်ယောက်ထဲဆိုတော့ပျင်းနေလို့"
"ဗျာ...မောင် မောင်ကအပြင်မထွက်ရဘူးပြောထားတယ် "
"အို သူ့အစ်မတစ်ယောက်လုံးလာခေါ်တာတော့ထည့်ရမှာပဲလေ ရတယ်လိုက်ခဲ့"
"ဖြစ်ပါ့မလား မောင်..မောင်စိတ်ဆိုးနေမှဖြင့်"
"သွား အဝတ်အစားသွားလဲ သွားမယ်"
"ဟမ်...ဟုတ် ဟုတ်ကဲ့ "
ဆိုပြီး ကျွန်တော်မောင့်အစ်မနဲ့အပြင်ကိုပါသွားခဲ့သည် ။ ဒါမဲ့ကျွန်တော့်စိတ်ထဲထူးဆန်းနေခဲ့သည် ။
လွန်ခဲ့တဲ့နှစ်တွေတုန်းက သူကိုယ်တိုင်အကွက်ဆင်ပြီး မောင့်နားကပျောက်ကွယ်ဖို့လုပ်ခဲ့တဲ့သူမကခုကျွန်တော့်ပေါ်ကောင်းပြနေသည်မှာ သာမန်မဟုတ်မှန်းကျွန်တော်ရိပ်မိပါသည် ။ မောင့်မျက်နှာကြောင့် ကျွန်တော်ဆက်ပြီး သည်းခံရပေအုံးမညျ ။
သူမကျွန်တော့်ကို Yummy ဆိုတဲ့ကော်ဖီဆိုင်လေးကိုခေါ်လာခဲ့သည်။ ဆိုင်အပြင်အဆင်လေးကအရမ်းလှပြီး တိတ်ဆိတ်တာကြောင့်ကျွန်တော်နှစ်သက်ပါသည် ။ သီချင်းငြိမ့်ငြိမ့်လေးတွေဖွင့်ပေးထားတော့ ပိုပြီးခံစားလို့ကောင်းပါသည်။
"ဘာစားမလဲ ဘာသောက်မလဲ မှာနော် မမကျွေးမှာ"
"ကော်ဖီပဲပေးပါ"
"အင်း..အာ့ဆိုလဲကော်ဖီနှစ်ခွက်ပဲမှာလိုက်မယ်နော်"
"ဟုတ်"
ကော်ဖီသောက်ရင်း သူကကျွန်တော့်ကို အတိတ်ကသူ့လုပ်ရပ်တွေတွက်တောင်းပန်လာခဲ့သည် ။ ပြီးတော့ အဲ့အကြောင်းတွေကိုလဲမောင့်ကိုမသိပါစေနဲ့တဲ့ မောင်သိသွားရင်သူ့ကိုမောင်မုန်းမှာသူကြောက်ပါသည်တဲ့လေ ဒါဆိုကျွန်တော်ကရော မောင့်အမုန်းတွေနဲ့ပဲရှင်သန်နေရတော့မှာလား မောင်တို့မောင်နှမနှစ်ယောက်လုံး သိပ်ကိုတစ်ကိုယ်ကောင်းဆန်ပါသည် ။ တဖက်လူဘက်ကိုနဲနဲမှမစာနာပေးတတ်တာ အကျင့်များဖြစ်နေမလားလို့တွေးမိလိုက်သည် ။
ရုတ်တရက် လူတစ်ယောက်ကျွန်တော်တို့ဝိုင်းကိုလာနှုတ်ဆက်သည် ။ ကြည့်ရတာတော့ လူလတ်ပိုင်းထဲက ရုပ်ရည်သန့်သန့်လေးနဲ့ကောင်လေးတစ်ယောက်