ep13 (unicoad)

2.1K 246 9
                                    

ကြေွလွင့်သွားသော

ငယ်ဗိုက်တွေတအားအောင့်နေလို့ဆိုပြီး ဒေါ်ကြီးဖုန်းဆက်ပြောတော့ မောင်ရူးတော့မလိုခံစားလိုက်ရတယ်။ မောင်အရမ်းစိတ်ပူပြီး ငယ့်ဆီချက်ချင်းလာခဲ့တာပါငယ်ရယ်....
ဒါမဲ့ငယ့်ရဲ့အတ္တကြီးတဲ့မောင်က ငယ့်ရှေ့မှာ​ေတာ့ဘယ်တော့မှ စိတ်ပူမပြဖို့ဂရုစိုက်မပြဖို့ကိုပဲ ကြိုးစားနေတာငယ်သိမှာပါ ။

ငယ့်ကိုမောင်နာကျင်စေချင်ပါသည် ။ ဒါပေမဲ့ မောင့်ကြောင့်နာကျင်မှုတွေကိုမြိုသိပ်ပြီး ခံစားနေတဲ့ငယ့်ကိုမြင်ရတာ မောင်ပိုနာကျင်ရတယ်။ သို့ပေမဲ့အတိတ်ကဖြစ်ရပ်တစ်ခုကမောင့်ကိုခြောက်လန့်နေဆဲပ​ဲငယ်...
မောင်မဖြေနိုင်သေးဘူး ။

တိမ်ဆိုင်ဆိုတဲ့ကောင်လေးကအမှန်တော့ မောင့်သူငယ်ချင်းတစ်ယောက်ရဲ့ညီပါ မောင်အကူအညီတောင်းထားလို့လိုက်ကူညီပေးရုံသက်သက်ပါပဲ ။ ဒါမဲ့အဲ့ညကငယ့်ရဲ့ဖြူအုနေတဲ့ခြေထောက်လေးတွေ ရေနွေးပူလောင်သွားခဲ့တယ်။ ငယ်ဘယ်လောက​်ပဲ ဟန်ဆောင်နေပါစေ မောင်ဆိုတဲ့လူသားက ငယ့်ကိုအရိပ်လိုလိုက်ကြည့်နေတာ​ကြောင့် မောင်အကုန်သိပါသည် ။

ငယ့်ခြေထောက်ကိုရေနွေးပူလောင်တာ မောင့်နှလုံးသားတစ်ခုလုံးအက်ဆစ်နဲ့အလောင်းခံရသလိုနာကျင်ရသည်။ ဒါမဲ့မောင်ကငယ့်ထက်ပိုပြီး ဟန်ဆောင်ကောင်းခဲ့တယ်လေ။ ရေချိူးခန်းထဲဝင်ပြီးငိုတဲ့နေ့တိုင်း မောင်အပြင်ဘက်ကနေအဖော်လုပ်ရင်း ငိုပေးနေပါတယ်ငယ် မောင်ငယ့်ကိုရင်ခွင်ထဲစွဲသွင်းပြီး 'မငိုပါနဲ့ငယ်'လို့တော့မောင်မပြောပေးနိုင်ပေမဲ့ မောင်အပြင်ဘက်နေငယ့်ကိုထိုင်စောင့်ပေးနိုင်ပါတယ်။

မောင်ငယ့်ကိုသိပ်ချစ်ပါသည်။ ချစ်လွန်းလို့လဲမောင်အတင်းသိမ်းပိုက်ခဲ့တာပေါ့ ။ မောင့်မျက်စိရှေ့မှာမောင်မဟုတ်တဲ့တခြားသူနဲ့ကုတင်ပေါ်မှာဖြစ်ချင်တိုင်းဖြစ်နေတာကိုမြင်ခဲ့ရတာတောင် ငယ်ဆိုတဲ့လူသားကိုပိုင်ဆိုင်ချင်တုန်းပါပဲ။ ဒါကြောင့်သုံးနှစ်အတွင်းမောင်ငယ့်အနားမှာ လူလွတ်ပြီး စောင့်ရှောက်ခိုင်းခဲ့သည်။

ငယ့် ခန္ဓာကိုယ်ကိုပထမဆုံးပိုင်ဆိုင်ရတဲ့သူကမောင်မဟုတ်ရင်တောင် မောင့်အနားမှာငယ့်ကိုရှိစေချင်ပါသည်။ ငယ်သိလား မောင့်ကြောင့်ငယ်နာကျင်ရတာမှန်ပေမဲ့ ငယ့်ကိုမြင်တိုင်းမောင်လဲဘယ်လောက်တောင်နာကျင်ရလဲဆိုတာကို ငယ်တွေးဖူးလား...

ကြွေလွင့်သွားသော {Complete }Where stories live. Discover now