Part 1

26K 1K 9
                                    

Unicode

မွန်းတည့်ချိန်နေရောင်သည် လောကတစ်ခွင်လုံး လွှမ်းခြုံထားလျက်ရှိသည်။ နေခြည်သည် ချန်ကျန်းမြစ်ကြောတစ်လျှောက်ရှိ တောင်စဉ်တောင်တန်းတွေပေါ် ရွှေရောင်လွှမ်းသကဲ့သို့ ဖြာကျလျက်ရှိပြီး တောင်အရိပ်ကျသော မြစ်ကမ်းစပ်ရေပြင်သည် စိမ်းညှို့နေလေ၏။ လှိုင်းကြက်ခွပ်လွန့်လူးသော ရေမျက်နှာပြင်တွင် တံငါလှေတစ်စင်းတည်းသာ လှော်ခတ်နေ၏ ။

တစ်ဖက်ကမ်းရှိ ရွှေနန်းမြို့တော်တန့်ယောင်ဆီမှ စည်တော်တီးသံ ခရာမှုတ်သံများကြားရပြီး မြို့လယ်တွင်လည်း လူအများပျားပန်းခတ်အောင်စည်ကား‌နေ၏ ။ မြို့လယ်လမ်းတစ်လျှောက်မှသည် ရွှေနန်းမြို့ရိုးထိ မီးပုံအနီများချိတ်ဆွဲထားသည် ။

စစ်မက်ထူပြောသော ယခင်နှစ်တွေက တိုင်းသူပြည်သားများမှာ အတိဆင်းရဲဒုက္ခရောက်ကြရသည် ။‌ပွဲလမ်းသဘင်ကျင်းပဖို့ မဆိုထားနှင့်။ စစ်ဘေးမှ လွတ်အောင် အသက်လုတိမ်းရှောင်ကြရသည် ။ ဧကရာဇ်တို့၏ အာဏာလုပွဲ ပြင်းထန်လိုက်သည့်ဖြစ်ခြင်း ။

စစ်ပွဲအဆုံးတွင် မိမိတို့၏ ချူဧကရာဇ်သာ လေးပြည်ထောင်ကိုအုပ်စိုးနိုင်သော မင်းတရားဖြစ်လာခဲ့၏ ။ တစ်ဆက်တည်းမှာပင်  ဧကရာဇ်က တိုင်းပြည်ရဲ့လစ်လပ်နေတဲ့ ဘုရင့်ကြင်ယာတော်နေရာအတွက် ဧကရီ တင်မြှောက်ပွဲကျင်းပလာသည် ။ ဧကရီလောင်းလျာကို ချူပြည်သားများမနှစ်သက်ကြသော်လည်း အာဏာထက်သောဧကရာဇ်ကို သူတို့ကန့်ကွက်နိုင်စွမ်းမရှိကြချေ ။ သည့်အပြင် ပထမဆုံးကျင်းပတဲ့ ပွဲတော်ဖြစ်တာမို့ တခြားအရာတွေမစဉ်းစားပဲ ပျော်ပွဲသဘင်ကို ပျော်ပျော်ဆင်နွှဲကြဖို့ရာသာ အားသန်ကြလေသည်။

ရွှေနန်းတော်တွင်တော့ မင်းမှုထမ်းများခြေချင်းလိမ်အောင် အလုပ်များနေကြသည် ။ ပွဲကျင်းပရာနန်းရင်ပြင်တွင် စစ်သည်များနှင့် အမတ်များစုဝေးကြပြီး မိန်းမစိုးများမှာ ပွဲအခမ်းအနားပြင်ဆင်ရာတွင် ကြီးကြပ်နေသည်။ လူတိုင်းနီးပါးတာ၀န်ကိုယ်စီ‌နှင့်ဖြစ်တာမို့ ရွှေနန်းတော်တစ်ခုလုံးလှုပ်လှုပ်ရှားရှား ဖြစ်နေကြသည် ။ ငြိမ်သက်တိတ်ဆိတ်နေသည့် တစ်နေရာတော့ရှိသည် ။ထိုအရာကား ဧကရီနန်းဆောင်ပင်ဖြစ်သည် ။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Where stories live. Discover now