Part 13

3.4K 392 0
                                    

Unicode



အချိန်တစ်ခုကြာအောင် ရပ်စောင့်နေပါသော်လည်း ပိတ်ထားတဲ့တံခါးချပ်ကြီးက စိုးစိမျှပွင့်လာဟန်မရှိတာမို့ ၀မ်ရိပေါ်စိတ်ပူမိသည် ။ ရှေ့တွင်စောင့်နေကြသည့် မိန်းမပျိုတို့သည်လည်း တုတ်တုတ်မျှမလှုပ်ရဲကြ ။ အိမ်ရှေ့စံ၏ စိတ်အခြေနေမကောင်းတာမို့ သူတို့သတိထားနေရသည် ။ အိမ်ရှေ့စံသည် မနေ့ညကတည်းက သေရည်ပုလင်းကိုင်ပြီး ခန်းဆောင်ထဲ၀င်သွားတာဖြစ်၏ ။ အပျက်အစီးကျကွဲသံများကြားသော်လည်း ဘယ်သူမှ အမိန့်မရဘဲမ၀င်ရဲကြချေ ။ မိုးလင်းကတည်းက ထွက်လာနိုးနဲ့စောင့်နေရသည်မှာ ယခုနေ့လည်ခင်းရောက်သည်အထိပင် အိမ်ရှေ့စံ၏အရိပ်ယောင်တောင် မမြင်ရတာမို့ ၀မ်ရိပေါ်၀င်သွားလိုက်ဖို့ပြင်သည် ။

" အမိန့်မရဘဲ ၀င်ရင် အရှင့်သားကမကြိုက်ဘူး ရိပေါ်ရ ၊ ငါတောင်မ၀င်ရဲဘူး၊ သူအဆင်ပြေတဲ့အထိ လွှတ်ထားပေးလိုက်ပါ ၊ အရင်ကလည်း ဒီလိုဖြစ်နေကျပဲ "

သို့သော် ဆရာမုယုံက သူ့ကိုတားထားတာမို့ ၀င်သွားရမလို၊ ထပ်စောင့်နေရမလို ချီတုံချတုံဖြစ်နေခြင်းသာ ။ သေချာတာတော့ သူအလွန်အမင်းစိတ်ပူနေလေပြီ ။မနေ့ကတစ်နေကုန် အစားတစ်စိမှမစားလိုက်ရတဲ့အပြင် သေရည်တွေပါသောက်ထားသည်မို့ သူစိတ်ပူမိတာမဆန်း ။ ဒါတင်မက နန်းတော်အတွင်း  မနေ့ကကိစ္စနဲ့ပက်သက်ပြီး အိမ်ရှေ့စံရဲ့အတင်းအဖျင်းတွေ ပျံ့နှံ့လျက်ရှိသည် ။အိမ်ရှေ့စံကို ထိပါးစော်ကားနေတဲ့ စကားလုံးတွေမှ ကာကွယ်နိုင်ခြင်းမရှိ၍ ၀မ်ရိပေါ်ပထမဆုံးအကြီမ် မိမိကိုယ်ကို အားမလိုအားမရဖြစ်မိသည် ။ သူက လက်အောက်ငယ်သားအမှုထမ်းတစ်ယောက် ၊မိမိရှေ့မှာတင် အမတ်ချုပ်ကြီးက ချစ်ရပါသောအိမ်ရှေ့စံကို မတရားစွပ်စွဲ‌ပြောဆိုနေသည်ကို ရပ်ကြည့်နေရုံကလွဲပြီး ကာကွယ်ပြောဆိုခွင့်မရှိတဲ့ဘ၀ဖြစ်သည် ။ သူ့မှာ အာဏာတစိုးတစိမျှရှိမနေ ၊ဘယ်လောက် အသည်းနာဖို့ ကောင်းလိုက်သနည်း။

နောက်ဆုံးတွင် ခန်းဆောင်တော်ထဲ၀င်သွားရန် ဆုံးဖြတ်ချက်ချလိုက်သည် ။ အိမ်ရှေ့စံဆူလည်း ဆူပါစေတော့ ၊ မရေရာမသေချာဘဲ အဆောင်အပြင်ဘက်ကနေ စောင့်မနေနိုင် ။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Where stories live. Discover now