Part 25

3.8K 443 15
                                    

Unicode

တုတ်တုတ်ဖောင်းဖောင်းလက်နှစ်ဖက်ကို မြှောက်ကာမြှောက်ကာဖြင့် မိမိရှိရာဆီ တတောက်တောက်ပြေးလျှောက်လာသော ကလေးငယ်ကို ရှောင်းကျန့်ပွေ့ချီလိုက်သည် ။ ချိုင်းနှစ်ဖက်ကနေကိုင်မပြီး လေပေါ်မြှောက်လိုက်သောအခါ ပါးစုန့်ကြီး‌တွေ လှုတ်ခတ်အောင် တခစ်ခစ်ရယ်လာတဲ့အသည်းညှာလေး ။

" ခစ်ခစ် ...ကျန့်ကျန့် "

" လျိုအာလေးက ကျန့်ကျန့်ကိုသတိ‌ရနေတာလား ၊ ဟင် ဟုတ်လား "

မုလျိုလေးက ရှောင်းကျန့်မျက်နှာကို လက်ဖြင့်ပုတ်ရင်း ခေါင်းငြိမ့်ပြသည် ။ သူလည်း ကိုယ့်ကိုသတိရနေပါသည်ပေါ့ ။ ကလေးလေးက သိတတ်နားလည်လွယ်ပြီး မျက်နှာသိပ်ရွှင်တာ ။ မိခင်ဆီက အမွေရထားသည့် မျက်လုံးဝိုင်းဝိုင်းတွေက ရှောင်းကျန့်နဲ့တူလွန်းသည်မို့ လျိုအာက ရှောင်းကျန့်ငယ်ငယ်ကပုံစံနှင့် သိပ်တူသည် ။ထို့အပြင် ဖခင်ဖြစ်သူနဲ့ချွတ်စွပ်တူတဲ့ ပါးချိုင့်ထင်းထင်းလေးရယ် ကိုယ်လုံး၀၀တစ်တစ်လေးရယ်ကြောင့် မြင်ရသူ မချစ်ပဲမနေနိုင်စရာ ။
တစ်ဦးတည်းသောတူငယ်လေးမို့လည်း ရှောင်းကျန့်ရဲ့ချစ်မ၀လေး ဖြစ်နေတာ မဆန်းတော့ ။

" နေရတာ အဆင်ပြေတယ်မလား ကျင်ကျင် "

ရှောင်းကျန့် မုလျိုလေးကို ချော့မြူနေရင်းက ချည်ထိုးနေတဲ့ညီမငယ်ဆီ အမေးစကားဆိုမိသည် ။ရှောင်းကျင်က ထိုးလက်စချည်စကို ချထားလိုက်ပြီး

" လူကတော့ အဆင်ပြေပါတယ် ၊ စိတ်ကတော့ ဘယ်လိုမှအဆင်‌မပြေတာ အစ်ကိုသိမှာပါ ၊ ဒီလိုပဲ ကြိုးစားပြီး နေရတာပေါ့ "

ရှောင်းကျင်မျက်လုံးတွေက တည်ငြိမ်လွန်းနေကာ ရင်ကျက်သည့်မိန်းကလေးနှယ် ။ တီတီတာတာပြောတတ်ပြီး တက်ကြွတဲ့ညီမငယ်သည် နှောင်းအတိတ်မှာ ကျန်ခဲ့လေပြီ ။ အကျယ်ချုပ်ထားသည်ဆိုသော်ငြား ရှောင်းကျင်ကို အစေအပါးနဲ့ နန်းဆောင်နဲ့ ပြည့်ပြည့်စုံစုံထားပေး၏ ။ အပြင်မထွက်ရတာ တစ်ခုတည်းသာ ။

" ပပ ...ပပရော "

ရှောင်းကျန့်အနောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ မုလျိုလေးက စကားမပီတပီဖြင့် မေးလာ၏ ။ ယခင်က ရှောင်းကျန့်နှင့်မုယုံကို အမြဲတွဲတွေ့ရသောကြောင့် မုလျိုလေးစိတ်ထဲ ရှောင်းကျန့်လာရင် သူ့အဖေပါလာမည်ဟု စွဲနေပုံရသည် ။လျိုအာလေးကို ရှောင်းကျန့်ဘယ်လိုအင်အားနဲ့ ပြန်ဖြေရက်ပါ့မလဲ ။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Where stories live. Discover now