Part 41

3.3K 352 4
                                    

Unicode

အမွှေးတိုင်ထွန်းထားသည့် မှတ်တိုင်တစ်ခုရှေ့တွင် ဆိတ်ငြိမ်စွာ ရပ်နေသည့်အဖြူရောင်အရိပ်ငယ် ။ ပြတင်းတံခါးတွေ ဖွင့်မထားခြင်းကြောင့် ပိန်းပိတ်အောင်မှောင်သည့် အခန်းတွင်း ကညင်ဆီမီးစာတိုင်တစ်ခုသာ ထွန်းညှိထားသည် ။ အချိန်အတော်ကြာရပ်နေသည့်တိုင်အောင် ရှောင်းကျန့်ထံမှ တစ်စုံတစ်ရာလှုပ်ရှားမှုကို မတွေ့ရ။ ရှောင်းကျင်နာမည်ထွင်းထားသည့် ကျောက်သားမှတ်တိုင်ကိုသာ မမှိတ်မသုန်စိုက်ကြည့်နေခဲ့တာဖြစ်သည် ။

ရှောင်းကျန့်ယခုလို ဖြစ်နေသည်မှာ ရှောင်းကျင်မရှိတော့ကတည်းကဖြစ်သည် ။ အချိန်တိုင်းလိုလို ရှောင်းကျင်အတွက် စိုက်ထူပေးထားသည့် ကျောက်တိုင်ရှေ့တွင်သာ ထိုင်နေတတ်သည် ။ ဤသည်မှာ တစ်လ‌နီးပါးရှိသည့်တိုင်အောင် ။

သက်ပြင်းမောကို တိတ်တ‌ဆိတ်ချရင်း လှပ်ထားတဲ့ ခန်းဆောင်တံခါးကို ၀မ်ရိပေါ် အသံမထွက်အောင် အသာပိတ်လိုက်သည်။ အထဲကို၀င်သွားပြီး ထွေးပွေ့နှစ်သိမ့်လိုစိတ်များ တဖွားဖွားပေါ်ပေါက်လာပေမယ့် မိမိကိုဆို ခါးခါးသီးသီးဖြစ်နေပြန်တဲ့ ရှောင်းကျန့်ရဲ့အပြုအမူတွေက ၀မ်ရိပေါ်ကိုတားဆီးနေပြန်သည် ။ ထို့ကြောင့် ယခုကဲ့သို့ အဝေးမှအရိပ်ကြည့်ကြည့် စောင့်ရှောက်ပေးနိုင်ခြင်းသာတတ်နိုင်၏ ။

ချစ်ရသူတစ်ယောက်လုံး စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့အခြေနေကို ၀မ်ရိပေါ် ဘာမှမတတ်နိုင်ခြင်းက မည်မျှဆိုးဝါးလိုက်သနည်း။ သူရဲ့ညီမကိုလည်း ကိုယ်ကပြည့်ပြည့်၀၀မကာကွယ်ပေးလိုက်နိုင်သလို ၊ ရှောင်းကျန့်ရဲ့၀မ်းနည်းမှုတွေကိုလည်း ရပ်ကြည့်နေရုံသာတတ်နိုင်သည့်သူ ။ အရာအားလုံးဟာ မိမိအပြစ်တွေသာလို့ ၀မ်ရိပေါ်တွေးထင်မိသည် ။သူသာ ရှောင်းကျန့်ကို အတင်းအကြပ်မသိမ်းပိုက်မိရင် ရှောင်းကျင်လည်း ယခုလိုအဖြစ်ဆိုးနဲ့ ကြုံရမည်မဟုတ်သလို ၊ ချစ်ရတဲ့ရှောင်းကျန့်သည်လည်း ထီးရိပ်နန်းရိပ်မှာ ပျော်ရွှင်နေပေလိမ့်မည် ။ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အတ္တဆန်ဆန် ၀မ်ရိပေါ်လုပ်ခဲ့သမျှဟာ မရည်ရွယ်ပါပဲ ရှောင်းကျန့်ကို နာကျင်စေခဲ့မိသည်ချည်းသာ ။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Dove le storie prendono vita. Scoprilo ora