Unicode
စောင်းသံသည် အပန်းဖြေနန်းဆောင်တစ်ဝိုက်ရှိ လေထုထဲတွင် ငြိမ့်ငြိမ့်ညောင်းညောင်းပျံ့နှံလျက်ရှိသည် ။ ဖော့ဖယောင်းနှယ် ဖူးသွယ်လှတဲ့ လက်ချောင်းလေးများသည် တူရိယာကြိုးကို လှပစွာတီးခတ်နေ၏ ။ လော့မီလင်း၏အမူရာသည် သံစဉ်တေးသွားနှင့်အပြိုင် ပကတိတည်ငြိမ်နေလေသည်။ သူမရှေ့ရှိ စားဖွယ်စုံတည်ခင်းထားသည့် စားပွဲ၀ိုင်းတွင် ဧကရာဇ်အပါအ၀င် မယ်တော်ကြီးနှင့် ဦရီးတော်တို့လို တော်၀င်မိသားစုရှိနေပါသော်လည်း ကြောက်ရွံ့တွန့်ဆုတ်ဟန်မရှိ ။ ဗျပ်စောင်းကို တီးခတ်နေသည်မှာ ပေါ့ပေါ့ပါးပါးပင် ။
ဖခင်ဖြစ်သူလောကျားမှာတော့ တော်၀င်မိသားစုရဲ့အရေးပေးခြင်းကိုရတဲ့ သမီးအတွက် ဂုဏ်ယူစွာဖြင့် မိန့်မိန့်ကြီးပြုံးနေလေတော့၏ ။ မယ်တော်ကြီးနှင့် ဦးရီးတော်တို့နှစ်ယောက်ကလည်း တေးသွားကို သေချာနားဆင်ရင်း လော့မီလင်းရဲ့အရည်အချင်းကို သဘောကျနှစ်ခြိုက်နေဟန်ရှိသည် ။ ဧကရာဇ်၀မ်တစ်ယောက်ကတော့ဖြင့် စောင်းသံကို အာရုံပြုရင်း လက်ဖက်ရည်ကြမ်းကိုသာ တွင်တွင်မော့သောက်နေလေ၏ ။
လှုပ်ရှားနေတဲ့ လက်ချောင်းတွေ ရပ်တန့်သွားသည့်အခါ ဖျော်ဖြေမှုပြီးဆုံးသွားပြီဖြစ်သည် ။
" ကောင်းပါလေ့ကွယ် ၊ ဒီတေးသွားကို နားဆင်ရတာ စိတ်ကိုအေးချမ်းစေတယ် ၊လော့မိန်းကလေးရဲ့ အနုပညာစွမ်းရည်က အံ့မခန်းပါပဲ ၊ ပွဲတော်နေ့တည်းက မိန်းကလေးရဲ့ကဟန်ကို မယ်မယ်သဘောကျနေတာ၊ ဘက်စုံတော်ပါပေတယ်"
စတင်ချီးကျူးစကားဆိုလိုက်သူက မယ်တော်ကြီးဖြစ်သည်။ လော့မီလင်းက ပြုံးလျက်
" မယ်တော်ကြီး သဘောတွေ့တယ်ဆိုရင်ပဲ ကျွန်တော်မျိုးမ ၀မ်းမြောက်မိပါတယ် ၊ မယ်တော်ကြီး လက်ခံမယ်ဆို နေ့စဉ်နေတိုင်းတီးခတ်ဖျော်ဖြေပေးဖို့ အသင့်ပါ "
" ကောင်းပြီ ၊ ဒီလိုဆိုမှတော့ မယ်မယ်ကလည်း လက်ခံရတာပေါ့ ၊ နောက်နေ့ကစပြီး မယ်မယ့်နန်းဆောင်ကို နေ့စဉ်အခစား၀င်ဖို့ တာ၀န်ပေးလိုက်မယ် "
" ပေးအပ်တဲ့တာ၀န်ကို ကျေပွန်ပါ့မယ် "
လော့မီလင်းသည် ခါးကိုညွှတ်ကာ မယ်တော်ကြီးကို အရိုသေပြုလိုက်သည်။ ယဉ်ကျေးသိမ်မွေ့တဲ့သူမကို မယ်တော်ကြီးက လွန်စွာနှစ်ခြိုက်လေဟန် ခေါင်းတငြိမ့်ငြိမ့် ။အစ်ကိုဖြစ်သူလီကျွယ်ကလည်း လော့မိန်းကလေးကို သားတော်နဲ့လက်ဆက်ပေးချင်သည်ဟု မိမိကိုတိုင်ပင်ဖူးသည် ။ မျိုးရိုးနဲ့ အပြုအမူရော အရည်အချင်းအရာမှာပါ ဒီမိန်းကလေးတွင် အပြစ်ဆိုဖွယ်ရာမရှိ ။ အဖက်ဖက်ကပြည့်စုံသည် ။
ထို့ကြောင့် မယ်တော်ကြီး လက်ခံပေးနိုင်သည် ။ ခက်တာက သားတော်၀မ်ရိပေါ်သည် လော့မိန်းကလေးကို စိတ်၀င်စားဟန် စိုးစဉ်းမျှမရှိတာပဲ ။ လီကျွယ်ကလည်း သားတော်လက်ခံလာအောင် နားချပေးဖို့ မိမိကိုတိုက်တွန်းလာသည် ။ သို့သော် ကိုယ့်အနေနဲ့ သားတော်ကို ဖိအားမပေးချင်လှဘူး ။ သူနှစ်သက်သူကိုသာ ရွေးချယ်စေချင်၏ ။
YOU ARE READING
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )