Part 43

3.6K 354 10
                                    

Unicode

အပြင်ဘက်တွင်လည်း တစ်ယောက်မှ မရှိသလို အခန်းအတွင်းမှာလည်း မျှော်လင့်ထားသလို တိုက်ခိုက်လာမည့်တပ်သားတွေမရှိတာကြောင့် ရှောင်းကျန့်အံ့ဩသွားရသည် ။ နန်းတော်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေတဲ့အချိန်မှာတော့ ဧကရာဇ်ရဲ့နန်းဆောင်က ထူးထူးခြားခြားငြိမ်သက်လွန်းနေ၏ ။

ထပ်မံ၍ရှောင်းကျန့်အံ့အားသင့်ရသည်က တည်ငြိမ်နေသည့်၀မ်ရိပေါ်ကြောင့်ဖြစ်ပေ၏ ။ နန်းတော်တစ်ခုလုံး ရန်သူကျူးကျော်ခံနေရသည့်အချိန်မှာတောင် မည်သည့်ဘုရင်က ဤမျှလောက်အေးဆေးနိုင်မည်နည်း ။ အနည်းဆုံးတော့ သူ့ကိုပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ထားလောက်ပြီလို့ ရှောင်းကျန့်ထင်ထားခဲ့တာပင် ။၀မ်ရိပေါ်ကတော့ ကွဲလွဲစွာ ၊တည်ငြိမ်နေရုံတင်မကပဲ လက်ဖက်ရည်ကြမ်းကိုပင် အပူပင်မရှိသည့်ဟန်ဖြင့် သောက်နေနိုင်သည် ။

" ရောက်လာပြီလား ၊ ကိုယ်မင်းကိုစောင့်နေတာ "

သူ့ရဲ့ ပကတိတည်ငြိမ်တဲ့အသွင်ကို မြင်ရလေ‌လေ ရှောင်းကျန့်ရဲ့စိတ်လှုပ်ရှားနှုန်းတွေ ပိုမြန်လာလေဖြစ်၏ ။ ဒါဟာ သူ့အတွက်ထောက်ချောက်တစ်ခုများဖြစ်နေမလား။

" စိတ်မပူပါနဲ့လေ ၊ ကိုယ့်မှာ ဘာအကြံစည်မှမရှိရပါဘူး "

၀မ်ရိပေါ်သည် ရှောင်းကျန့်အတွေးတွေကို နားလည်နေသည့်အလား ထိုသို့ဆို၏ ။ ‌ရှောင်းကျန့် သူ့ကိုမျက်နှာလွှဲလိုက်ပြီး မိမိအနောက်မှာပါလာသည့် တပ်သားတွေကို အချက်ပြလိုက်သည် ။ တပ်သားများသည် အမိန့်ရပြီးနောက်မှာ အခန်းတွင်းသို့ လျှင်မြန်စွာ၀င်ရောက်လာ၍ စားပွဲဝိုင်းတွင်ထိုင်နေသည့် ၀မ်ရိပေါ်ကို ၀န်းရံထားလိုက်သည် ။ ရှောင်းကျန့်လည်း ၀မ်ရိပေါ်အနီးသို့ တစ်လှမ်းချင်းလျှောက်လာလိုက်ပြီး ဓားအိမ်ကို ချွတ်ချလိုက်၏ ။

" နောက်ဆုံးတော့ မင်းကို ငါအနိုင်ရတော့မယ် ၊ မင်းကြောင့် ငါဆုံးရှုံးခဲ့ရတဲ့မာနတွေ၊ သိက္ခာတွေ ၊ အထူးသဖြင့် ရှောင်းကျင်အတွက် လက်စားချေတုံ့ပြန်နိုင်တော့မယ် "

" ကျန့်အာ ...ကျုပ်ကို မင်းစိတ်ကြိုက်ဆုံးဖြတ်အနိုင်ယူသွားပါ ၊ မင်ရဲ့အငြှိုးတွေ ပြေသည်အထိ မင်းစိတ်ကြိုက် ... ၊ ဒါပေမယ့် ရှောင်းကျင်ကို ကျုပ်လုပ်ကြံခဲ့တာမဟုတ်ဘူး ဆိုတာပဲ ထပ်ပြောပါရစေ "

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Tempat cerita menjadi hidup. Temukan sekarang