Extra 2

7.5K 428 23
                                    

Unicode

နေ့အလင်းရောင်ပျောက်၍ ညဦးပိုင်းရောက်သည့်တိုင်အောင် နန်းတော်အတွင်း သက်ဝင်လှုပ်ရှားနေကြဆဲ။ တူရိယာသံ မြူတူးကခုန်သံတို့သည်သာ ရင်ပြင်ကျယ်အတွင်း ကြီးစိုးလျက် ။ အလှပဂေးကချေသည်များက ပွဲတစ်ခုလုံးရှိ ပုရိယတို့၏ အာရုံကို ကောင်းကောင်းကြီး ဖမ်းစားထားနိုင်သည် ။  မှူးမတ်တို့သည်လည်း  သောက်စားပျော်ပါးလိုက်ကြ ၊ အော်ဟစ်အားပေးကြနှင့် ဧကရာဇ်ရှိနေသည်ကို အမှုမထားနိုင်လောက်အောင် သဘောတကျဖြစ်နေကြတော့သည် ။

ဧကရာဇ်မှာမူ ဣ‌‌န္ဒြေပျက်ပြားနေသည့် မှူးမတ်တွေကို ဆူပူရန်လည်းသတိမရ ။ ကခုန်သီဆိုနေသည့် မိန်းမငယ်များထံလည်း သူ့အာရုံရှိမနေ ။ပတ်၀န်းကျင်ကို သတိရဖို့ဝေးစွ ၊ သူ့နံဘေးရှိ အမျိုးသားကိုသာ မျက်တောင်မခတ်တမ်း စောင်းငဲ့ကြည့်လို့နေသည် ။ အဝေးကကြည့်လျှင်တောင် ဧကရာဇ်ရဲ့အကြည့်တွေဟာ ညွတ်နူးပျော်၀င်နေသည်မှာ သိသာလှပြီး နူးညံ့လွန်းနေသည် ။ သူကြင်ယာတော်မှာတော့ အတီးအမှုတ်အကခုန်တွေကို စိတ်၀င်တစားဖြစ်နေပုံမှာ မျက်တောင်ပင်မခတ် ။

" ပင်ပန်းနေပြီလား "

နှစ်ကိုယ်ကြားမေးလိုက်သည့်အခါမှ ရှောင်းကျန့်ရဲ့အာရုံသည် သူ့ထံရောက်လာ၏ ။ ‌

" ဟင့်အင်း ၊ ကြည့်ပါဦး သူတို့တွေကို ကြည့်ရတာ သိပ်စိတ်၀င်စားဖို့ကောင်းတယ် "

ကခုန်နေတဲ့ လူအစုအဝေးကို ပြန်ငေးကြည့်ရင်း အသက်ကဖြေလာသည် ။ မျက်၀န်းတွေတလက်လက်နဲ့ တကယ်လည်း စိတ်၀င်စားနေတဲ့ပုံ ။မင်္ဂလာပွဲအပြီး ညနေခင်းတည်းက ဤကပွဲကို တက်ရောက်ရသည်မို့ သူစိတ်ညစ်ညူးနေပြီအထင်နဲ့ ၀မ်ရိပေါ်မေးလိုက်မိတာဖြစ်သည် ။ သို့သော် သူ့အထင်နဲ့တစ်ခြားစီ ၊ပွဲလမ်းသဘင်တွေကို မခုံမင်တတ်တဲ့ ရှောင်းကျန့်ဟာ ဒီနေ့မှာတော့ ထူးထူးခြားခြားနှစ်ခြိုက်နေပုံရ၏ ။ လမင်းနဲ့အပြိုင် ကြည်စင်နေသည့်ချစ်ရသူ၏မျက်နှာတော်က သက်သေပင် မဟုတ်ပါလား ။

ရှောင်းကျန့်သဘောအတိုင်း ပွဲပြီးသည်အထိနေပြီးမှ အဆောင်တော်ကို ပြန်ရောက်လာသည် ။ အချိန်ကား ညသန်းခေါင်ရောက်လုပြီ ။ မင်္ဂလာသေရည်အရှိန်နဲ့ ရှောင်းကျန့်ရဲ့ပါးစုန့်နှစ်ဖက်ဟာ လရောင်နှင့်အပြိုင် မက်မွန်သွေးရောင်လွှမ်းလို့နေပြန်၏ ။ ထိုအတူ မဟော်ဂနီရောင်မင်္ဂလာ၀တ်ရုံကလည်း သူ့အသားရေ၀င်း၀င်းနဲ့ အင်မတန်မှပနံသင့်နေလေ၏ ။ ဆံကေသာကား သူ့ခါးတစ်ဝိုက်တွင် ဝဲဖြာကော့စင်းနေပြီး လေတစ်ချက်‌အဝေ့မှာ ဆံစအချို့ယိမ်းခါလှုပ်ရှားကုန်၏။ မထိတွေ့ပါပဲနှင့် ပျော့ပျောင်းနေမည်မှန်း သိသာလှစွာ ။
အသက်သုံးဆယ်အရွယ်အနှီအမျိုးသားတွင် ပျိုမျစ်နုနယ်ခြင်းတို့ကား ပြောမကုန်နိုင်အောင် များပြားလွန်းသည်။

You've reached the end of published parts.

⏰ Last updated: Jun 16, 2022 ⏰

Add this story to your Library to get notified about new parts!

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Where stories live. Discover now