Part 27

3.7K 407 7
                                    

Unicode

ငွေမင်ရောင်ဓားသွားတစ်စုံ  အချင်းချင်း ကြမ်းတမ်းစွာ ထိခတ်လိုက်သံကို ပီပီပြင်ပြင်ကြားနေရ၏ ။ ဓားနှစ်လက်၏ပဲ့ကိုင်ရှင်နှစ်ယောက်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ဟာကွက်မရှိရလေအောင် အသည်းအသန်တိုက်ခိုက်နေကြ၏ ။ ဘေးနားတစ်ဝိုက်တွင် အရှင်နှစ်ယောက်၏ကုန်ကုန်းများနှင့်အပျိုတစ်သိုက်တို့သာရှိသည် ။ သူတို့အားလုံးမှာ စစ်ရေးကွင်းလယ်က ပြိုင်ပွဲကို မျက်တောင်မခတ်တမ်းကြည့်နေကြသည်မှာ အသက်ပင်မရှူဝံ့ကြ ။

ဧကရာဇ်နဲ့ဧကရီတို့ကသာ ပေါ့ပေါ့ပါးပါးတိုက်ခိုက်နေကြပေမယ့် ဓားသွားတစ်ချက်ဝေ့လိုက်တိုင်း သူတို့မှာ အသည်းတယားယား ။
တစ်ယောက်ကလည်း ချင်ပြည်ထောင်၏ ဧကရာဇ်ဟောင်းဖြစ်သည့်အလျောက် ဓားကွက်တွေကို လှလှပပဖြစ်အောင် အပိုမလိုမရှိ ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်၏ ။ ကျန်တစ်ယောက်ကလည်း စစ်ပွဲအလီလီနွှဲလာဖူးတဲ့ မိမိတို့ဧကရာဇ် ။ နှစ်ယောက်လုံးက ပြိုင်ဘက်ကင်းတဲ့ကျွမ်းကျင်အဆင့်မှာမို့ ပြိုင်ပွဲကသိပ်ကိုလှသည် ။

အရှင်နှစ်ယောက်ကစားနေသည်မှာ အချိန်အတော်လင့်နေပေမယ့် လုံး၀ကို အရှုံးအနိုင်ခန့်မှန်းလို့မရချေ ။ ထို့ကြောင့် နောက်ဆုံးတွင် မည်သူအနိုင်သွားလိမ့်မလဲဆိုတာ အားလုံးလိုလိုစိတ်၀င်စားနေကြသည် ။

တစ်ကြိမ်တွင် ကျောက်စရစ်ခဲကို နင်းမိကာ ရှောင်းကျန့်ဟန်ချက်ပျက်သွား၏ ။ ၀မ်ရိပေါ်က ဤသည်ကို အခွင့်ကောင်းယူကာ ရှောင်းကျန့်၏ခါးကို သူ၏လက်ဖဝါးတစ်ဖက်တည်းဖြင့် ဆွဲယူပွေ့ပိုက်လိုက်ပြီး သူ့လက်မောင်းနှစ်ဖက်ကြားတွင် လှုပ်မရအောင် ချုပ်ထားမိလိုက်၏ ။

အရပ်အမောင်းချင်း မကွာသော်ငြား ခန္ဓာကိုယ်ချင်းယှဉ်လျှင် ‌၀မ်ရိပေါ်ကပိုထွားသည်မို့ သွယ်လျတဲ့ရှောင်းကျန့်ကိုယ်လေးမှာ ပိတ်မိနေတော့၏ ။ နောက်ကျောက‌နေ သိုင်းဖက်ထားတာကြောင့်  ရှောင်းကျန့်မှာ ဓားကိုဝှေ့ယမ်းဖို့ပင် အခွင့်မသာတော့တဲ့အခြေနေဖြစ်သည်။
အသက်ရှူသံတွေမြန်နေတဲ့ ရှောင်းကျန့်က ရှုံးမည်ကိုစိုးရိမ်နေတာ သိသိသာသာ ။ နောက်ကျောကနေ လှမ်းမြင်နေရသည့် မျက်နှာတစ်ခြမ်းမှာ ချွေးစတွေစိုနေသည်ကိုပင် ၀မ်ရိပေါ်လှမ်းမြင်နေရ၏ ။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Where stories live. Discover now