Part 30

4K 419 23
                                    

Unicode


ရှောင်းကျန်၏ပါးစပ်နဲ့ နှာခေါင်းမှတစ်ဆင့် သွေးတွေအဆက်မပြတ်စီးကျလာသည့်တစ်ခဏမှာ ၀မ်ရိပေါ်ဆွံ့အငြိမ်သက်သွားသည် ။ သူ့ရင်ဘတ်တွင် ရှောင်းကျန့်ဆီမှ သွေးတို့ဖြင့်ချင်းချင်းနီ‌နေတော့၏ ။ ၀မ်ရိပေါ်ဟာတိုက်ပွဲမြေတွေမှာ ဆိုးရွားရက်စက်လွန်းတဲ့ အဖြစ်အပျက်မျိုးစုံ ရင်ဆိုင်လာခဲ့သော်လည်း ဒီမြင်ကွင်းလောက် သူ့ကိုသွေးပျက်နိုင်စွမ်းမရှိ ။ သွေးစတွေနဲ့ ပေလူးဖျော့တော့နေတဲ့ ချစ်ရသူရဲ့ပုံရိပ်လွှာဟာ ၀မ်ရိပေါ်ကို အလွန်ခြောက်ခြားသွားစေသည် ။

"  ဒါ...ဒါ အဆိပ်တွေ စတင်ပျံနှံ့လာတဲ့ သ..သဘောပါ ၊ အဆိပ်ပျံ့နှုန်းနှေးအောင် ဦးစွာဆေးတိုက်ထားပေမယ့် ဆေးရှိန်ကကြာရှည်မခံတော့ပါဘူး၊ မကြာခင် ...အရှင်ဧကရီရဲ့တစ်ကိုယ်လုံး အဆိပ်တွေပျံ့နှံ့တော့မှာပါ မင်းကြီး "

ရှောင်းကျန့်အခြေနေကို အကဲခတ်နေရာမှ သမားတော်ချုပ်က ငိုသံပါကြီးနဲ့ ‌လျှောက်တင်သည် ။

" ကယ်လို့ရသမျှ နည်းလမ်းအကုန်ရှာ ...၊ နည်းလမ်းရှိကိုရှိစေရမယ် ၊ အခုချက်ချင်းသွား ၊ မြန်မြန်လုပ်ကြ "

၀မ်ရိပေါ် ခေါင်းကိုတွင်တွင်ခါရင်း သွေးရူးသွေးတမ်းအမိန့်ပေးနေ၏ ။  ကြင်သူ၏မျက်နှာကိုပင် သဲသဲကွဲကွဲမမြင်နိုင်လောက်အောင် ‌၀မ်ရိပေါ်မျက်၀န်းတွင် အရည်ကြည်များဝေ့သီလာ၏။

ထိလိုက်လျှင်ပဲ့ကြွေတော့မတတ် ချည့်နဲ့နေသည့်ကိုယ်လုံးငယ်ကို ရင်ခွင်ထဲမှာ မရဲတရဲထည့်ထားပြီး သိုင်းဖက်ထားပေမယ့် ၀မ်ရိပေါ်လက်ချောင်းတွေသည် တုန်ယင်နေလေ၏။ အံကြိတ်ထားသည့်ကြားမှ မျက်၀န်းမှအရည်ကြည်များ တလိမ့်လိမ့်ကျဆင်းလာပြန်သည် ။ အာဏာတွေ ရာထူးတွေ ရှိနေပြန်တော့လည်း ချစ်ရသူကို မကာကွယ်ပေးနိုင်ပြန်ဘူး ။ သူဟာ အသုံးမကျတဲ့ဘုရင်တစ်ယောက်သာ ။ဒီလိုနဲ့ ချစ်ရသူကို လက်လွှတ်လိုက်ရပါလျှင် ...၀မ်ရိပေါ်ရင်ကွဲရချည်ရဲ့ ။

နန်းတွင်းသမာတော်ဆောင်တွင် ဆေးကျမ်းရှာဖွေသူကရှာ ၊ ဆေးကြိတ်သူကကြိတ်ဖြင့် အသက်နဲ့ကိုယ်အိုးစားမကွဲရေးအတွက် နည်းလမ်းရှာဖွေနေရသည် ။ သမားတော်ချုပ်ကြီးမှာ အနှစ်နှစ်အလလသိမ်းဆည်းထားသည့် တော်၀င်ဆေးကျမ်းစာအုပ်ဟောင်းအထူကြီးကို နည်စလမ်းတွေ့လို့တွေ့ငြား လှန်လောရှာဖွေနေ၏ ။ နဖူးမှဇောချွေးများက သူစိတ်လှုပ်ရှားနေခြင်းကို ဖော်ပြနေသလိုပင် ။ ယခုအချိန်တွင် စက္ကန့်တိုင်းက အရေးပါလွန်းလှသည်။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Where stories live. Discover now