Part 19

3.6K 429 9
                                    

Unicode

မက်မွန်ပျားရည်နံ့သင်းသင်းလေးက အိပ်တစ်၀က်နိုးတစ်၀က်ဖြစ်နေသည့် သူ့အာရုံကိုစေ့ဆော်နေလေ၏ ။ မိမိဘေးနားရှိ ထိုသူ၏ကိုယ်သင်းနံ့ဆိုတာ သတိရမိတော့ ၀မ်ရိပေါ်အိပ်စက်နေရာမှ ထလိုက်ပြီး လက်တစ်‌ဖက်ထောက်ကာ တစ်ဖက်ရှိသူ့ကြင်သက်ကို ရွှန်းဝေစွာကြည့်လိုက်၏။

ကြည့်စမ်းပါဦး ။ ယပ်တောင်ပမာ ဖြာစင်းနေတဲ့မျက်တောင်ရှည်တွေ၊ နှာတံစင်းစင်း၊ ဖူးစိုနေတဲ့နှုတ်ခမ်းထွေးထွေးတွေအပြင် မျက်နှာအချိုးအစားက အပြစ်ပြောစရာမရှိအောင် လှရက်လိုက်လေခြင်း ။ မနက်ခင်းကပိုကရိုအိပ်နေပုံလေးကို အကြည့်လွှဲရက်စရာမရှိ ။ ရှောင်းကျန့်နဲ့အတူ မနက်ခင်းတိုင်း နိုးထခွင့်ရဖို့၊ ဒီလိုအခွင့်ရေးရလာဖို့ ၀မ်ရိပေါ်ဘယ်လောက်ကြိုးစားခဲ့လိုက်ရသလဲ ။

အသည်းမာတဲ့ ရှင်ဘုရင်လေးက သူ့ကိုအခွင့်ကောင်းယူပါသည်လို့ စွဲချက်တင်ကာ နယ်နှင်ဒဏ်ပေးစဉ်က ၀မ်ရိပေါ်မပြိုလဲဘူးဟုထင်လျှင်မှားမည် ။ ခန္ဓာကိုယ်ပြင်ပက ကြိမ်ဒဏ်တွေထက် ချစ်‌သူပေးတဲ့အမုန်းက ပိုနာကျင်‌စေပါသည် ။ မိခင်ရှိရာလော့ယန်ကို မပြန်ဖြစ်ဘဲ သူ့ခံစားချက်အတိုင်း ခြေဦးတည်ရာ လျှောက်သွားနေခဲ့သည်က တစ်လလောက် ။ ထိုစဉ်မှာပဲ ဦးရီးလီကျွယ်နှင့်တွေ့ကာ မူလက သူငြင်းပယ်ခဲ့သည့် ချူအရေးကို ဦးဆောင်ဖို့ဖြစ်လာခဲ့သည် ။ ရှောင်းကျန့်ကို ၀မ်ရိပေါ်လုံး၀လက်မလွှတ်နိုင်ဘူး ။ သူ့ကိုအပိုင်ယူနိုင်ဖို့ဆို လုံး၀ပြိုင်ဘက်ကင်းတဲ့ အင်အားတစ်ခုရှိနေမှဖြစ်မည် ။ မိမိဟာ သာမန်အညတရအမျိုးသားတစ်ယောက် ၊ အာဏာရယ်လို့ တစိုးတစိမျှရှိမနေခဲ့ဘူး ။ထို့ကြောင့် ဦးရီးလီကျွယ်ပေးတဲ့အခွင့်အရေးကို အမိရဆုပ်ကိုင်ကာ ချူမင်းသားအဖြစ်ခံယူခဲ့ခြင်းပင် ။

တပ်သားတွေအပြင် သူ့ကိုယ်တိုင်လည်း စစ်ရေးကျွမ်းကျင်လာအောင် နေ့မနား၊ ညမနားလေ့ကျင့်ခဲ့သည် ။ပင်ပန်းလာတိုင်း ရှောင်းကျန့်ကသာ သူ့အတွက်အားအင်တစ်ခုဖြစ်စေခဲ့တာ ။ ထိုအားအင်တွေနဲ့ ချူနဲ့ချင်ကို ဆက်တိုက်သိမ်းယူနိုင်ခဲ့ပြီး သူ့ကြင်သက်လေးကို အပိုင်ယူနိုင်ခဲ့သည်လေ ။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Où les histoires vivent. Découvrez maintenant