Unicode
ဘုရင့်အိပ်ဆောင်တော်အနီးကို ခြေသံလုံလုံနဲ့ ချဉ်းကပ်လာတဲ့ မှောင်ရိပ်ခိုလူတစ်ယောက် ။လျင်မြန်ပါးနပ်လွန်းတဲ့ထိုသူ့ကြောင့် အစောင့်ရဲမက်တွေမှာ မတုံ့ပြန်နိုင်ခင်ပဲ အငိုက်မိသွားကြ၏။ အသံမထွက်နိုင်ကဲ ကျူးကျော်သူ၏ ဓားချက်အောက်မှာ အတုံးအရုန်း ။သွေးတစ်စက်စက်ကျနေသော ဓားကို မသိမ်းပဲ ခန်းဆောင်းအတွင်းကို ထိုသူကကျူးကျော်လာသေးသည် ။ သူသွားရာလမ်းတစ်လျှောက်ကို သွေးစက်တွေက လမ်းပြနေသလို ။
တစ်ကိုယ်လုံးအနက်စွေးစွေးကို ၀တ်ဆင်ထားတာကြောင့် အမှောင်ထုနှင့် ထိုသူကရောနှောနေသည် ။ အ၀တ်နက်နှင့် မျက်နှာက်ုလည်းဖုံးအုပ်ထားသေးသည် ။ ဆီမီးရောင်ယဲ့ယဲ့အောက်မှာ စူးလက်နေတဲ့ သူ့မျက်လုံးတွေကိုသာ မြင်တွေ့ရချေမည် ။
မွေ့ယာသလွန်ပေါ်မှာ အတိအိပ်မောကျနေသည့် လူနှစ်ယောက်ကတော့ သိမည်မထင် ။ ကျူးကျော်သူက ဓားရှည်ကို ပိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး ထိုနှစ်ယောက်ကို စိမ်းစိမ်းဝါးဝါးကြည့်သည် ။ သူ့မျက်၀န်းတွေတွင် တရိပ်ရိပ်တက်လာသော အမုန်းရိပ်တွေ ၊ နာကျည်းမှုတွေကို ဆီမီးရောင်နှင့်အပြိုင် တောက်လောင်နေသည်မှာ ထင်ထင်ရှားရှား။
" မိုးမမြင်လေမမြင် ပျော်နေလိုက်ကြတာ ၊ ငါ့ဘ၀ထဲက သူ့ကိုဆွဲထုတ်သွားပြီး သူတို့ကတော့ အေးချမ်းနေလိုက်တာ ၊ တရားပါပေတယ် "
အံကြိတ်၍ ရေရွတ်လိုက်သံက တိုးညင်းသော်လည်း တိတ်ဆိတ်သောညချမ်းမှာ ပီပြင်စွာ ။ထို့နောက် ဧကရာဇ်ရဲ့ တစ်ဖက်ရှိ အမျိုးသားကို အတော်ကြာအောင် စိုက်ကြည့်ပြီး အချင်းချင်းဖက်တွယ်ထားသော လက်တွေထံအကြည့်ရောက်သွားတော့ ထိုသူကအကြည့်လွှဲသည် ။
" အဟင်း မချစ်ပါဘူးဆိုပဲ "
ပြီးမှစိတ်ပိုင်းဖြတ်လိုက်ပုံရကာ ဧကရာဇ်ထံ တန်းတန်းမတ်မတ်လျှောက်လာပြီး သူရဲ့ဓားရှည်နဲ့ခုတ်ပိုင်းလိုက်သည် ။ ထိုသူသတိမမူမိလိုက်တာ ဧကရာဇ်ကလည်း အအိပ်ဆတ်သူဆိုသည့်အချက်ပင် ။
၀မ်ရိပေါ်လည်း မူမမှန်တဲ့အငွေ့အသက်တွေကို ခံစားမိသဖြင့် နိုးလာတာဖြစ်သည် ။ သူထင်ထားတဲ့အတိုင်း လုပ်ကြံသူက လက်တစ်ကမ်းအလိုမှာရောက်၍နေပြီ ။ ကံသီပေလို့ တိုး၀င်လာသည့်ဓားကို သူလက်ဖြင့်ဖမ်းဆုပ်လိုက်နိုင်သည်။ ၀မ်ရိပေါ်ရဲ့လက်မှ သွေးတွေ ချက်ချင်းစီးကျလာ၏။
YOU ARE READING
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )