Unicode
တုန်ရီသောအသံနှင့်အတူ အိမ်၀မှသူ့ဆီအပြေးအလွှားရောက်လာသည့် နွမ်းလျသည့်အရိပ်တစ်ခု ။ ထို့နောက် တစ်မဟုတ်ချင်းနွေးထွေးသွားသည်ကို ခံစားရသည် ။ မိမိကို လွတ်ထွက်သွားမည့်အလား ဖက်တွယ်လာသော မိခင်ဖြစ်သူကို ၀မ်ရိပေါ် ပြန်လည်သိုင်းဖက်လိုက်သည် ။ ရှိုက်သံတစ်စွန်းတစ်စနဲ့အတူ ရင်ဘတ်တစ်နေရာတွင် စိုစွတ်လာမှုကြောင့် သူကြီးစွာစိတ်မကောင်းဖြစ်ရသည် ။
သူ့မိခင်ကို ပစ်ထားမိသည်အပြင် စိတ်ဒုက္ခပါပေးခဲ့မိသည်မဟုတ်လား ။" မေမေ အိပ်မက်မက်နေတာမဟုတ်ဘူးမလား ရိအာ၊ ဟင် ပြန်ဖြေပါဦး ၊ မေမေ့သားလေး တကယ်အသက်ရှင်နေသေးတာလား "
သားငယ်၏ ပါးပြင်ကို လက်ဖဝါးဖြင့်ထိကိုင်လို့ မေးလိုက်သည် ။ ဖူးယောင်နေသော သား၏မျက်နှာနှင့် ပူငွေ့ငွေ့အသားရေကို ခံစားမိသော်လည်း သူမမယုံနိုင်သေး ။ သားကို ကြမ်းတမ်းစွာရိုက်နှက်လို့ လူမဆန်စွာသတ်ဖိုကြံနေသည့်မြင်ကွင်းက ရင်ကိုအစိမ်းလိုက်ခွဲနေသည့်နှယ် မိမိမျက်လုံးထဲကမထွက်သေး ။ ဒီတစ်သက် ပြန်မတွေ့နိုင်ဖို့ လမ်းစမရှိဘူးရယ်လို့ သတ်မှတ်လိုက်ကာမှ မျက်ဝါးထင်ထင်ပြန်တွေ့ရတော့ အိပ်မက်ယောင်နေသည်ဟုပင် ထင်မိသည် ။
" အိပ်မက်မဟုတ်ဘူး မေမေ၊ ကျုပ်တကယ် အသက်ရှင်နေသေးတယ် "
မိခင်ဖြစ်သူ၏ လက်ဖဝါးကို ၀မ်ရိပေါ် ဆုပ်ကိုင်ရင်းဖြေလိုက်သည် ။မျက်ရည်စတွေ၏ အရင်းခံသည် မိမိသာလျှင် ။ ငယ်စဉ်ကတည်းက သူ့ကိုခက်ခက်ခဲခဲရှာဖွေကျွေးမွေးလာပြီး တစ်ချက်ကလေးမှ မငြီးငြူသည့်မိခင် ။ ဖတဆိုးသားလေးမို့ အမိလိုတစ်မျိုး အဖလိုတစ်ဖုံ မေတ္တာပုံပေးခဲ့သည်မို့ သူမိဘမေတ္တာမငတ်ခဲ့ရချေ ။အခွန်တုတ်တွေ မတန်တဆပေးလာရသည်နှင့်အမျှ သူတို့လယ်ယာမြေလေးပါ သိမ်ပိုက်ခံလိုက်ရသည် ။
အမေကအတန်တန်တားပါလျက်နှင့် မဟုတ်မခံစိတ်ကြောင့် ပုန်ကန်မှုလမ်းကြောင်းပေါ် မိမိကသာဇွတ်တိုး၀င်ခဲ့သည်။ မိခင်ဖြစ်သူဘက် လှည့်မကြည့်မိခဲ့ ။ သူ သားတစ်ယောက် တာ၀န်လစ်ဟင်းခဲ့သည်သာ ။ အကယ်၍ ၀မ်ရိပေါ် နန်းမြို့တော်ကို လိုက်သွားရဦးမယ်ဆိုတာ သိသွားရင်ရော သူ့အမေငိုနေဦးမည်လား ။
YOU ARE READING
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )