Unicode
ညှို့မှိုင်းနေသော ရာသီဥတုက နှစ်သက်ချင်ရာလုံး၀မကောင်း ။ လေသာပြတင်းက လှမ်းမြင်နေရတဲ့ တိမ်လိပ်တွေဟာ ဖြူစင်ခြင်း ကင်းမဲ့လို့ ညို့တဲ့ဘက်ကို ရောက်နေသည် ။ ချက်ချင်းပဲ ပြိုတော့မလိုလို ၊ ငိုတော့မလိုလို ။
ရှောင်းကျန့်ဟာ ပြတင်းနံဘေးမှာ ငြိမ်သက်စွာထိုင်နေရင်း နန်းဆောင်တော်အပြင်ဘက်က ကျောက်စရစ်လမ်းသွယ်လေးကို မျက်တောင်မခတ်တမ်းငေး၏ ။ ဒီလမ်းသွယ်က ရှောင်းကျန့်ရဲ့ နန်းဆောင်မုခ်ဦးကနေ ပင်မနန်းဆောင်ကို ဆက်သွယ်ထားတဲ့လမ်းလေးဖြစ်၏ ။ ဘေးနှစ်ဖက်မှာ စိမ်းစိမ်းစိုစိုမြက်ခင်းပြင်ရှိပြီး ခါတိုင်းဆို ကျောက်စရစ်ခဲဖြူဖြူတွေနဲ့ ခင်းထားတဲ့လမ်းကလေးက ကြည့်လိုက်ရုံနဲ့မျက်စိပဒါသဖြစ်ချင်စရာ ။ ထူးထူးခြားခြားပါပဲ ၊ ဒီနေတော့ ဒီလမ်းလေးကို ကြည့်ရတာ သိပ်သဘောကျချင်စရာမကောင်းချေ ။
ရာသီဥတုရဲ့ မလိုက်ဖက်မှုကြောင့်လား ၊ ဒါမှမဟုတ် ဖြတ်လျှောက်လာမယ့်သူမရှိလို့လား ...။" အရှင် ...အပြင်မှာ လေစိမ်းတိုက်ပါတယ် ၊ညနေစောင်းမို့ အအေးမိပါလိမ့်မယ်၊အထဲ၀င်ရအောင်ပါ "
လီကုန်းကုန်းရဲ့ လျှောက်တင်သံကိုကြားမှ ရှောင်းကျန့်လည်း ခန်းဆောင်ထဲပြန်၀င်ဖို့လုပ်ရသည် ။သူဒီမှာ ထိုင်နေတာ အတော်ကြာသွားခဲ့ပြီ ။ သို့ပေမယ့် ရှောင်းကျန့်ထသွားသည့်တိုင်အောင် လီကုန်းကုန်းငှဲ့ပေးထားသည့် စံပယ်ရနံလက်ဖက်ရည်ကတော့ တစ်စက်မှအရာမယွင်းပဲ အေးစက်လို့နေချေပြီ ။
လီကုန်းကုန်းက သက်ပြင်းကို အသာချရင်း အပျိုတော်တွေကို စားပွဲရှင်းခိုင်းလိုက်ရသည် ။ ပြီးမှ အရှင်ဖြစ်သူထံ ခစားဖို့ရာ အိပ်ဆောင်တော်ထဲ လိုက်၀င်ရသည် ။ ဒီရက်ပိုင်းအတွင်း သူတို့အရှင်ထူးခြားတာမှ တော်တော်လေးထူးခြားနေ၏ ။ တမှိုင်မှိုင်တတွေတွေနဲ့ ၊ ခါတိုင်းဆို မရယ်မပြုံးသည့်တိုင်အောင် မျက်နှာလန်းသေးသည်။ ယခုတော့မတူ ၊ သိသိသာသာကို မူပျက်နေတာ ။ အကြောင်းကတော့ ဧကရာဇ်ကြောင့် ဖြစ်မည်ဟု လီကုန်းကုန်းက ကြိတ်၍ကောက်ချက်ချသည် ။
အဘယ်ကြောင့်လည်းဆို ဧကရာဇ်လည်း အရှင်ရှောင်းကျန့်ဆီ အိပ်ဆောင်မ၀င်တာ နှစ်ပတ်တောင်ရှိပြီ ။မှတ်မှတ်ရရ သူတို့နှစ်ယောက် နန်းပြင်ထွက်ပြီးတည်းက ဧကရာဇ်ရောက်မလာတော့တာ ။ အရင်ကဆို အရှင်ကမကြည်ဖြူရင်တောင် နေ့စဉ်၀တ္တရားမပျက် အိပ်ဆောင်၀င်တတ်တဲ့ ဧကရာဇ်က အရိပ်ယောင်တောင်မမြင်ရတော့တာပင် ။ အရှင်တို့နှစ်ယောက်ကြား ဘာများဖြစ်ခဲ့ကြပါလိမ့် ။
ESTÁS LEYENDO
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )