Part 20

4.6K 465 6
                                    

Unicode

၀တ်ပြုပူဇော်ထားသည့် အမွှေးတိုင်ရနံ့က တစ်ခန်းလုံးကြိုင်နေ၏ ။ ချိုအီမနေဘဲ ခပ်သင်းသင်းလေးဖြစ်တာကြောင့်သာ အသက်ရှူချောင်ပေတော့သည် ။ ၀င်၀င်ချင်းမှာပင် ရွှေအဆင်းဖြင့် သပ္ပာယ်လှသော ဆင်းတုတော်ကို ဖူးတွေ့ရပြီး အရှေ့တွင် ၀တ်ပြုလျက်ရှိသည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည် ။ ထိုသူသည် ၀မ်ရိပေါ်၏မယ်တော်ပင်ဖြစ်ချေလိမ့်မည်။

ရှောင်းကျန့်နဲ့၀မ်ရိပေါ်လည်း တိတ်တဆိတ်ပင် ကြမ်းပြင်ပေါ်ထိုင်လိုက်ကြ၏ ။ မယ်တော်ကြီးက နန်းဆောင်မှာမရှိဘဲ ဘုရား၀တ်ပြုနေသည်ဆို၍ ၀တ်ပြုခန်းသို့ လိုက်လာခဲ့ကြတာဖြစ်သည် ။

စိတ်မပါဘဲ လိုက်လာခဲ့ရသည်မို့ ရှောင်းကျန့်မျက်နှာက သုန်မှုန်လို့နေသည် ။ ၀မ်ရိပေါ်က လာရာလမ်းတစ်လျှောက်လုံး သူ့လက်ဖဝါးတစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လာသည့်အပြင် ဤအခန်းထဲရောက်သည်အထိ လွှတ်မပေးသေး။ စိတ်ကျဉ်းကြပ်တာရော နေရခက်တာပါပေါင်းကာ ရှောင်းကျန့်လက်ဖဝါးတွင် ချွေးစေးများပင် စို့၍နေသည် ။ ဒါကို သိသိရက်နဲ့ ၀မ်ရိပေါ်ကမလွှတ်ပေးဘူး ။ လက်ချောင်းတွေအချင်းချင်းယှက်ကိုင်လိုက်ကာ မိမိလက်ဖဝါးပြင်ကို ဖျစ်ညှစ်လိုက်သေးသည် ။ သာမန်ထက်ကြီးမားသော ၀မ်ရိပေါ်၏လက်ဖဝါးပြင်ထဲတွင် ရှောင်းကျန့်လက်ကလေးမှာ မြုပ်ကွယ်လုနီးပါး ။

မနှစ်မြို့ဟန် ရှောင်းကျန့်မျက်၀န်းတွေကို တန်ပြန်ကြည့်လာတဲ့ ၀မ်ရိပေါ်၏ ရယ်မြူးရိပ်သန်းသော အကြည့် ။ တစ်ခဏအတွင်းမှာပင် သူတို့နှစ်ယောက်ရဲ့ အသံတိတ်စစ်ပွဲပြင်းထန်လာလေသည် ။
ရုန်းလေ ရှောင်းကျန့်လက်ဖဝါးတွေ ပိုနစ်မြုပ်လေ ။

" ဟော ...ရိအာတို့တောင် ရောက်လာပါရော့လား "

မယ်တော့်အသံကြားမှ ၀မ်ရိပေါ်က ရှောင်းကျန့်လက်ဖဝါးတွေကို လွှတ်ပေးလိုက်သည်။ ထိုအခါမှ လက်ကိုဆတ်ခနဲ့ရုတ်ကာ တစ်ဖက်လှည့်သွားလေသူ ။ ရဲဥနေတဲ့ပါးပြင်တွေနဲ့ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်း ၊ သူစိတ်မကြည်ပါဘူးပေါ့လေ ။ ဒီလို ဆတ်ဆတ်ထိမခံတဲ့ပုံလေးကြောင့် ရှောင်းကျန့်အား လိုက်စရခြင်းကို ၀မ်ရိပေါ်သဘောခွေ့နေမိတာ ။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Tempat cerita menjadi hidup. Temukan sekarang