Part 32

3.7K 375 9
                                    

Unicode

အမှောင်ထုသိပ်သည်းသော အခန်းငယ်ထဲ ကညင်ဆီမီးတိုင်တစ်တိုင်သာ ထွန်းညှိထားသည် ။ နေရာအနှံ့တွင် ဖုန်မှုန့်တွေ၊ အမှိုက်သရိုက်တွေဖြင့် ရှုပ်ထွေးညစ်ပတ်နေသည် ။ သွေးညှီနံ့တွေလည်း လှိုင်လှိုင်ထနေသေး၏။ တစ်ချက်တစ်ချက် မိန်းမတစ်ယောက်၏နာနာကျင်ကျင်အော်ဟစ်သံကို ခြောက်ခြားဖွယ်ကြားနေရပြီး သန်းခေါင်ယံအချိန်မို့ ထိုအသံများသည် ကြားရသူကို သွေးပျက်ထိတ်လန့်စေနိုင်လောက်၏ ။

အခန်းအလယ်ရှိ ထိုင်ခုံတစ်လုံးပေါ်တွင် ကြိုးတုပ်ခံထားသည့်မိန်းမတစ်ယောက်ရှိသည် ။ ဒဏ်ရာဒဏ်ချက်တွေဖြင့် ခန္ဓာကိုယ်တင်မက မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်နေသည်မှာမြင်မကောင်းတော့ချေ ။ ‌

" ချမ်း ...ချမ်းသာပေးပါ...၊ သူ...သူ "

" ဖြောင်း "

" ရာရာစစ မင်းကများ "

တုန်တုန်ရီရီစကားသံမဆုံးခင်မှာပင် ပြင်းထန်လှသော ရိုက်ချက်ကြောင့် ထိုမိန်းမမျက်နှာလည်ထွက်သွားသည် ။ ဘယ်လောက်အားပြင်းသလဲဆို ပါးစောင်တစ်လျှောက်တွင် ချက်ချင်းသွေးတွေစီးကျလာသည်အထိ ။ ထိုအမျိုးသမီးမျက်နှာ့တစ်ခုလုံးလည်း ဖူးယောင်နေပြီး သွေးစတို့ဖြင့် မြင်မကောင်းအောင်ရှိသည် ။ သူမအရှေ့က‌လူကို ဆောက်တည်ရာမရအောင် ကြောက်ရွံ့နေရှာသည် ။

မကြောက်ပဲရှိရိုးလား ။ ထိုသူက တခြားမဟုတ်  ဧကရာဇ်၀မ်ရိပေါ်ဖြစ်သည်မို့ ။

" ဖြောင်း "

ထပ်မံ၍ အားပြင်းပြင်းနဲ့ရိုက်ချလိုက်ပြန်သည် ။ထို့နောက် တစ်ချက်ပြီးတစ်ချက် ဆင့်ကာဆင့်ကာ ထိုမိန်းမမျက်နှာကို ဒေါသအဟုန်ဖြင့် မညှာမတာရိုက်ချလိုက်ပြန်၏ ။ ဒေါသထွက်နေချိန်မဆိုထားနှင့်၊ သာမန်အချိန်မှာတောင် ဒီလက်ဖဝါးတွေရဲ့ဒဏ်ကို တော်ရုံတပ်သားတွေပင် မခံနိုင်ကြ ။ ယခုလို မိန်းမသားတစ်ယောက်ဆိုသည်မှာ ဘယ်တောင့်ခံနိုင်ပါ့မည်နည်း ။

" ရေနဲ့ပက်လိုက် "

သတိလစ်သွားသည့်မိန်းမကို အမျက်မပြေသေးစွာ ကြည့်နေရင်းက ဘေးနားရှိရဲမက်ကို ၀မ်ရိပေါ်အမိန့်ပေးလိုက်သည် ။ရဲမက်ကလည်း အမိန့်အတိုင်း ရေတစ်ပုံးအပြေးယူ၍ ခုံပေါ်တွင်သတိလစ်နေတဲ့ ရာဇ၀တ်သားမိန်းမကို ပက်လိုက်သည် ။ ‌အေးခဲလှသည့်နှင်းရေတွေသည် ဒဏ်ရာဒဏ်ချက်ပေါ် ကျလာသည့်အခါ အသည်းခိုက်မတတ်နာကျင်ရမည်မှာကျိန်းသေပင် ။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Tempat cerita menjadi hidup. Temukan sekarang