Unicode
ချူပြည်ဟာ ချင်လက်အောက်မှ လွတ်မြောက်လာပြီးနောက် လေးပြည်ထောင်အင်အားစုစည်းနိုင်ခဲ့သည် ။၀န်းကျင်နိုင်ငံတွေထဲမှာလည်း အင်အားအကြီးဆုံးဖြစ်လာခဲ့၏ ။သည့်အတွက် ကျန်နိုင်ငံငယ်များမှာ များစွာတုန်လှုပ်ကြပြီး တစ်ချို့မှာကျူးကျော်မည့်ရန်ကိုကြောက်၍ မဟာမိတ်ဖွဲ့လာကြသည် ။ ချူပြည်ရဲ့အင်အားကို မည်သည့်နိုင်ငံမှ မလွန်ဆန်နိုင်ကြ ။ထိုအထဲမှ အိမ်နီးချင်းယန်၊ကျောက်၊ ချီသုံးနိုင်ငံသည် ချူပြည်၏လက်အောက်ခံအဖြစ်မခိုလှုံပဲ သုံးနိုင်ငံပေါင်းစည်းကာ ပြန်တွန်းလှန်မည်ဟု သတင်းသဲ့သဲ့ထွက်နေသည် ။ စစ်ရေးပြင်ဆင်မှုများ စနေပြီဖြစ်သည် ။ နိုင်ငံငယ်များဖြစ်သော်လည်း ပူးပေါင်းသွားပါက ချူအတွက်နှိမ်နင်းရခက်ချေတော့မည် ။ဤအရေးအတွက် ချူနန်းတော်၏ ညီလာခံတွင် အသည်းအသန်ဆွေးနွှေးလျက်ရှိကြ၏ ။
" အင်အားအများကြီးသုံးဖို့ မလိုအပ်ပါဘူး ၊ ဖြုန်တီးရာကျမယ် ၊ ကျုပ်တို့ချူကို ဘယ်သူကယှဉ်ဝံ့မလဲ၊ ဒီသုံးနိုင်ငံလောက်က ကျုပ်တို့အင်အားနဲ့ အသာလေးသိမ်းလိုက်လို့ရတယ်"
" ရန်သူကို လျှော့မတွက်လေနဲ့ လော့အမတ်မင်း ၊ ယန်၊ကျောက်၊ ချီ သုံးနိုင်ငံလုံးဟာ စစ်ရေးအရာမှာ ပါးနပ်မှုရှိကြတဲ့သူတွေ ၊ သူတို့ပူးပေါင်းမိရင် ကျုပ်တို့အထိနာမှာ သေချာသလောက်ပဲ "
" စစ်သေနာပတိဟွမ်က ကိုယ့်နိုင်ငံအပေါ် အထင်သေးလွန်းတာကိုး ၊ ဘယ်နှယ့် ချူလို နယ်မြေဧရိယာလည်းကျယ်ပြန့်၊ စစ်အင်အားလည်း တောင့်တင်းတဲ့နယ်မြေက ဒီနိုင်ငံငယ်လေးတွေကို မနိုင်ရိုးရှိပါ့မလား "
" ဒါတော့ ကျုပ်လည်းထောက်ခံတယ် ၊ ခုနှစ်ပြည်ထောင်မှာ အင်အားအကြီးအဆုံးက ကျုပ်တို့ချူပဲ "
ထို့နောက် ကျန်အရာရှိ၊ မှူးမတ်တွေကလည်း တစ်ယောက်တစ်မျိုးဆွေးနွေးသံတွေ ကျယ်လာကြသည်။ စစ်သေနာပတိဟွမ်ဖူနှင့် အမတ်လော့ကျားမှာ ခံယူချက်ကိုယ်စီဖြင့် အလျော့မပေးပဲ မျက်လုံးချင်းအားပြိုင်နေကြဆဲ ။ ငြိမ်သက်တွေးတောနေသော ဧကရာဇ်ထံမှ အမိန့်သည်သာ သူတို့နှစ်ယောက်အတွက် အဖြေဖြစ်ပါလိမ့်မည် ။
![](https://img.wattpad.com/cover/290380337-288-k374632.jpg)
YOU ARE READING
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )