Unicode
အမတ်အားလုံးရဲ့မျက်နှာတွေမှာ မကျေနပ်ရိပ်တွေ ပြနေပေမယ့် သူတို့ဘာတတ်နိုင်ကြမလဲ ။ အရှင်မင်းကြီးကိုယ်တိုင်က ကြင်ယာတော်ရွေးပွဲကို အပြီးတိုင်ဖျက်သိမ်းပါဟု မိန့်လာခဲ့သည် ။ အမတ်တစ်ယောက်စ နှစ်ယောက်စက စောဒတက်ကြည့်ပေမယ့် အရှင်မင်းကြီးရဲ့သဘောထားက နည်းနည်းလေးမှပြောင်းလဲမသွား ။ ဤအချင်းရာအားလုံးသည် ဧကရီထံမှ အစပြုသည်ကို သူတို့အားလုံးရိပ်မိကြသည် ။ ထိုအထဲတွင် မကျေမနပ်အဖြစ်ဆုံးက လော့ကျားပင်။
ပါးစပ်ထဲ ရောက်ခါနီးမုန့်တစ်ခုက ပုတ်ချခံလိုက်ရသလို သမီးဖြစ်သူက မိဖုရားဖြစ်ခါနီးမှ ဖယ်ချလိုက်သည့်အဖြစ် ။ ဒီနေရာမှာတင်ပဲ မရပ်တန့်နိုင် ၊ ဩဇာအာဏာကြီးမားတဲ့ အမတ်အဖြစ်ကို သူအလိုရှိခဲ့သည် ။ ဒါပေမယ့် ရှောင်းကျန့်သည် သူ့ရဲ့တက်လမ်းမှာ ပိတ်နေတဲ့ ဆူးတစ်ချောင်းဖြစ်၏ ။ အမြန်ရှင်းမှဖြစ်ချေမည် ။ အမြစ်တွယ်လာရင် ရင်းရခက်တော့မည်ဆိုတာ အတပ်သိထား၏ ။ မီလင်းကတော့ ဤသို့တွေးတွေးဆဆပြောရှာသည်။
" ပုစ္ဆာတိုင်းမှာ အဖြေရှိတတ်ကြစမြဲပဲ ၊ လွယ်တာ ခက်တာပဲ ကွာမယ် ၊အဖေစိတ်မပူပါနဲ့ ၊ဒီကိစ္စကို သမီးကောင်းကောင်းကြီး ကိုင်တွယ်နိုင်ပါတယ် "
လော့ကျားလည်း သမီးကတောင် ခေါင်းအေးအေးစဉ်းစားနိုင်မှတော့ သူလည်းသွေးပူပြီး တဇွတ်ထိုးလုပ်၍မဖြစ် ။ ရှောင်းကျန့်ရဲ့ ဟာကွက်ကို အသည်းအသန် ရအောင်ရှာခဲ့သည် ။ တွေ့မယ့်တွေ့တော့လည်း တကယ့်အကြီးကြီးကိုမှ လော့ကျားရှာတွေ့ခဲ့၏ ။ ရှောင်းကျန့်ဟာ ထိုမျှထိ အဆိပ်ပြင်းလိမ့်မယ်လို့ လော့ကျားထင်မထားခဲ့ဘူး ။သေနာပတိဟွမ်ဖူနဲ့ ပူးပေါင်းပြီး ဧကရာဇ်ကို ရှင်းထုတ်ဖို့ သူတို့သေချာစီစဉ်ထားကြပုံပဲ ။ ဒီကိစ္စသာ မင်းကြီးသိသွားရင်ဖြင့် ...။
" ချင်ဘက်မှာ မတည်မငြိမ်ဖြစ်လာမှုတွေ ဆူပူမှုက သွေးရိုးသားရိုး လုံး၀မဖြစ်နိုင်ပါဘူး ၊ တစ်စုံတစ်ယောက်ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်သာ ဖြစ်ပါလိမ့်မယ် "
" အမတ်မင်းပြောတာ တရားနည်းလမ်းကျတယ်၊ အရင်ကဆို အသံတောင်မထွက်ရဲတဲ့ ချင်နယ်သားတွေက အခုတော့အုံကြွလာလိုက်တာများ "
![](https://img.wattpad.com/cover/290380337-288-k374632.jpg)
ESTÁS LEYENDO
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )