မဟော်ဂနီရောင် ပိုးထည်သား၀တ်ရုံနှင့်အပြိုင် ဦးခေါင်းထက်ရှိ ပတ္တမြားဆံထိုးသည်ရဲရဲနီလျက် ။ ထို့အပြင် နီသွေးကြွနေသော နှုတ်ခမ်းလွှာတစ်စုံ ။ ထိုအရောင်အဝါတွေကြောင့်ပေလား ၊ ပါးပြင်နှစ်ဖက်သည် မှုန်ပြေပြေလေးနီစွေးနေပြန်၏။ အလှပဆုံးဟူသည့် အစိတ်အပိုင်းဟူသမျှသည် ထိုသူ့အတွက်လို့ပင်ဆိုရမလို ။ သို့ပေမယ့် ထိုသူရဲ့ခန့်မှန့်ရခက်တဲ့ မျက်၀န်းတွေကို ၀မ်ရိပေါ်သိပ်ကြောက်သည် ။ ယခုပဲကြည့်လေ နှုတ်ခမ်းတွေက ပြုံးနေပေမယ့် ညိုမှိုင်းနေတဲ့မျက်၀န်းတွေ ။
" ကျန့်အာ... "
သူခေါ်လိုက်တော့ ပြုံးနေတဲ့နှုတ်ခမ်းသားတွေ ပြန်တည်သွားပြီး
" မုန်းတယ် ၊ ငါ မင်းကို သိပ်မုန်းတယ် "
ခက်ထန်လွန်းသည့် သူ့အသံသည်ပဲ့တင်ထပ်သွား၏ ။ ၀မ်ရိပေါ် သတိမမူမိစဉ်မှာပင် သူ့ရှေ့မှ ရှောင်းကျန့်သည် ကျောခိုင်းလှည့်ထွက်သွားသည် ။ အားသွန်ခွန်စိုက်ပြေးလိုက်ပါသော်လည်း တရွေ့ရွေ့သွားနေသော ထိုအရိပ်လေးကို ၀မ်ရိပေါ်မမှီ ။ တဖြည်းဖြည်းဝေး၍သွားသော သူ့ကျောပြင်ကို ကြည့်ရင်း ၀မ်ရိပေါ်ရင်တစ်ခုလုံး လစ်ဟာသွားသည် ။ ထို့နောက် မှောင်မဲနေသော လမ်းကြားထဲတွင် ၀မ်ရိပေါ်တစ်ယောက်တည်း ။
" ကျန့်အာ ...မင်းဘယ်မှာလဲ ၊ ကျန့်အာ !!! "
အရူးတစ်ယောက်လို အပြေးအလွှားလိုက်ရှာပေမယ့် ချစ်ရသူ၏ ပုံရိပ်သည် ပျောက်ဆုံးနေလေသည် ။ ၀င်္ကပါလမ်းကြားတွေထဲ ပြေးလွှားရသည်မှာကြာတော့ ၀မ်ရိပေါ်အလွန်မောဟိုက်လာသည် ။ သို့သော် ရှာဖွေသူကားမတွေ့ ။
" ရှောင်းကျန့် !!! "
ချောက်ကမ်းပါးစွန်းမှ ပြုတ်ကျလာသလို ဟာတာတာခံစားချက်မျိုးနဲ့ သူ့ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလိုပင် ။ မျက်လုံးတွေကို အားတင်းဖွင့်ကြည့်မှ မိမိနန်းဆောင်ထဲမှာပင် ရှိနေသည်ကို သိရသဖြင့် ကြုံခဲ့သမျှသည် အိပ်မက်ဆိုးဖြစ်မှန်း ၀မ်ရိပေါ်သိလိုက်ရသည် ။သို့သော် သူရင်ထဲ တစ်စုံတစ်ခုကို စိုးထိတ်နေမိသည်မှာ ယခုထက်ထိအောင် ။
YOU ARE READING
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )