Unicode
"မနက်ဖြန် အိမ်ရှေ့စံတောကစားထွက်မှာမို့ မင်းတို့တွေအကုန် လိုက်ပါရမယ်၊ မင်းသမီးလေးပါ ပါတာမို့ လုံခြုံရေးကို နှစ်ဆပိုဂရုစိုက်ရမယ် ၊ကြားကြလား "
" ဟုတ်ကဲ့ "
တပ်သားအားလုံး သံပြိုင်အော်သံက တုန်ဟည်းသွားမတတ်။ တပ်ကြပ်ကြီးက သဘောတကျခေါင်းငြိမ့်ရင်း ထပ်မှာကြားသည်။
" ကောင်းပြီ ၊ မနက်ဖြန်မနက်စောစောစထွက်မယ်၊ ရိက္ခာခြောက်နဲ့ လက်နက်တွေ ခုကတည်းက ပြင်ဆင်စရာရှိတာပြင်ထားကြ "
ထို့နောက် အထူးတပ်သားအားလုံး မိမိသက်ဆိုင်ရာ အခန်းဆီ ပြန်အနားယူကြသည်။ ၀မ်ရိပေါ်လည်း အခန်းထဲရောက်သည်နှင့် လိုအပ်သောပစ္စည်းများကို ဖျင်အိတ်တစ်ခုတွင် ထည့်လိုက်သည် ။ သူ့အတွက် ပစ္စည်းများများစားစားမလို ။တောတောင်အတွင်းမှာက စားစရာမရှားတာမို့ ထမင်းခြောက်နှင့် ရေဘူးပါလျှင် အဆင်ပြေလေပြီ ။
" ငါတော့ မနက်ဖြန်ရောက်ဖို့တောင် မစောင့်နိုင်တော့ဘူးကွာ ၊ မင်းသမီးလေးက တယ်ချော တယ်လှဆိုပဲ ၊ နတ်မိမယ်တွေ ထိုင်ငိုရအောင်လှရက်တယ်လို့စာဆိုရှိဖူးသဗျ၊ သူနဲ့အတူတစ်ခရီးတည်းသွားရတာ နည်းတဲ့ကုသိုလ်လား "
အခန်းဖော်တပ်သားတစ်ယောက်က ၀မ်းသာအားရဖြင့် သူ့အဖော်များကို အော်ပြောသည်။ ဒါကိုဘေးက အရပ်ရှည်ရှည်နဲ့ တပ်သားကျန်းဖေးက ပြန်ချေပသည် ။
" မင်းကမြင်ဖူးလို့လား၊ ဒီလောက်ချီးကျူးနေရအောင် ၊ ငါတော့ မထင်ပေါင်၊ ရွာမှာကျန်ခဲ့တဲ့ ငါ့အသည်းသက်လေးလောက် လှတဲ့သူ ဒီဇမ္ဗူမှာရှိမှာမဟုတ်ဘူး"
" အောင်မယ် အောင်မယ် ၊ လေက ကျယ်ပြန်ပြီ၊ မင်းသမီးလေးရဲ့အလှက သုံးပြည်ထောင်မှာ သတင်းကိုမွှေးလို့၊ ဒါကိုမသိတာ အံ့ရော၊ အိမ်ရှေ့စံဆို ဘယ်လောက်ခန့်ညားလိုက်လဲ မင်းအသိပဲ၊ ငါတို့ယောက်ျားချင်းတောင် လည်ပြန်ငေးရတယ်၊ သူ့နှမသာဆို ဘယ်လောက်လှရက်လိုက်မလဲ တွေးကြည့်၊ အို နောက်မှ ဘုရင့်သမက်တော်မဖြစ်ရရင် ရူးရချည်ရဲ့ဆိုလို့ကတော့ မသနားဘူး "
ESTÁS LEYENDO
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )