Part 10

4.1K 409 8
                                    

Unicode

လေ့ကျင့်ကွင်းအလယ်တွင် ဓားကိုယ်စီကိုင်လျက် အသင့်အနေအထားနှင့် မျက်နှာချင်းဆိုင်ရပ်နေသည့်
ယောက်ျားနှစ်ယောက် ။ နေရောင်သည် ထိုသူနှစ်ယောက်၏ လှုပ်ရှားမှုများကို မီးမောင်းထိုးပြထားသည့်နှယ် ။

‌၀မ်ရိပေါ်သည် သု့နဂိုပုံစံအတိုင်း ဆံပင်တွေကို ခပ်မြင့်မြင့်စုစည်းကာ မီးခိုးရောင်၀တ်စုံကို ၀တ်ထား၏ ။
တွန့်ချိုးထားသည့်နက်မှောင်ထူထဲသည့်မျက်ခုံး၊ တင်းတင်းစေ့ထားသည့် နှုတ်ခမ်း၊ အထူးသဖြင့် စူးရှနေသည့်မျက်လုံးများကြောင့် စစ်ထွက်မည့် စစ်သည်တော်တစ်ယောက်နှယ် ။ ဖြူဖွေးသောအသားရေက နေရောင်အောက်တွင် ပိုလင်းလာပြီး ရင်အုပ်ကျယ်ကျယ်၊အရပ်မြင့်မြင်နဲ့ ယောက်ျားပီသဟန်အထင်းသား ပေါ်လွင်နေ၏။

တစ်ဖက်က သူ့ပြိုင်ဘက်ချိုင်ဟုန်မှာ ၀မ်ရိပေါ်ထက် လူကောင်ပိုထွားသည် ။ပြီးတော့ ချင်စစ်တပ်၏စစ်သူကြီးဟောင်းဖြစ်တာမို့ တိုက်ရည်ခိုက်ရည်ကို သံသရာဖြစ်စရာမလိုအောင် အထူးသတင်းမွှေးသည် ။ ညိုမောင်းသောအသားရည်ရှိကာ မျက်နှာဘယ်ဖက်ခြမ်းရှိ အမာရွတ်ကြီးက သူ့ကိုပိုခက်ထန်စေသည် ။

ပြိုင်ပွဲကားမစသေး ။
အိမ်ရှေ့စံနဲ့ မင်းသားရှောင်းယန်ကား ကွင်းပြင်တစ်ဖက်ရှိ နားနေဆောင်ထဲတွင် ထိုင်ကာသူတို့အခြေနေကို အကဲခတ်နေကြသည် ။ အိမ်ရှေ့စံ၏ရွှေဝါရောင်၀တ်စုံရှည်က သူ့အသားရေနဲ့ဟပ်ကာ အဝေးမှကြည့်လိုက်လျှင် ရွှေရုပ်တုလေးပမာ ။ သူ၏နူးညွတ်ဟန်ရှိသော မျက်လုံးအစုံမှာ အနိုင်လိုမှုကြောင့် ခက်ထန်စွာအရောင်လက်လျက်ရှိသည် ။

" ငါ့အတွက် အသက်ရှင်ရမယ် ၀မ်ရိပေါ်၊ အနိုင်ရတာပဲ လိုချင်တယ် "

ပွဲမစခင် အိမ်ရှေ့စံမှာလိုက်သော ထိုစကားတစ်ခွန်း။ ဤပွဲက သူသေကိုယ်သေတိုက်ရမယ့်ပွဲ ၊ အသက်ရှင်ကျန်တဲ့သူပဲအနိုင်ရမည် ။ ပွဲအဆုံးမှာ သူတို့နှစ်ယောက်ထဲက တစ်ယောက်သာ အသက်ရှင်လိမ့်မည် ။ ဤသည်မှာ ပြိုင်ပွဲ၏စည်းကမ်းချက် ။ သူ့အိမ်ရှေ့စံအတွက် ၀မ်ရိပေါ်ရေကုန်ရေခမ်းကြိုးပမ်းရမည်ပင်။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Where stories live. Discover now