Part 22

3.9K 444 3
                                    

Unicode

အနက်ရောင် သားရေခါးစည်ကြိုးပြားရှည်ကို ခါးတွင်ရစ်ပတ်ကာ တင်းအောင်ချည်ပြီးနောက် သံခေါင်းဆောင်းကို ဆောင်းလိုက်သည် ။ အနီရောင်တပ်သား၀တ်စုံ၊ နှုတ်ခမ်းမွှေးစစ၊ အရပ်ရှည်ရှည် ၊ကိုယ်လုံးဖြောင့်ဖြောင့်အပြင် တမင်ညိုအောင် ခြယ်မှုန်းထားသည့်မျက်နှာကြောင့် သူ့ပုံစံက ချူစစ်သည်ရဲမက်တစ်ယောက်ဆိုတာ ငြင်းနိုင်ဖွယ်ရာမရှိ ။ ရှောင်းကျန့်၏ ယခင်က ကြည်သန့်သောပုံစံနှင့် လားလားမျှ သက်ဆိုင်မှုမရှိဘဲ တခြားတစ်ယောက်နှယ် ပြောင်းလဲသွားသည်။

ကြေးမုံပြင်ရှိ မိမိပုံရိပ်ကို ကြည့်ကာ ရှောင်းကျန့်ကျေကျေနပ်နပ်ပြုံးလိုက်သည် ။ ဒီလောက်ဆို သူလှုပ်ရှားလို့ရပြီ ။

အမှတ်တမဲ့ လည်ပင်းပေါ်က အနီရောင်အကွက်ကို မြင်လိုက်မိတော့ မနေ့ညကအဖြစ်ကို အမှတ်ရမိပြီး ကြက်သီးမွေးညင်းထလာသလိုပင် ။ ၀မ်ရိပေါ်ရဲ့ ပူနွေးစိုစွတ်တဲ့နှုတ်ခမ်းတွေ မိမိလည်တိုင်အနှံ့ကူးလူးပြေးလွှားခဲ့သလို ၊ ရမ္မက်ခိုးဝေနေတဲ့ မျက်၀န်း‌တွေနဲ့ ယခင်ထက်ပိုလာခဲ့တဲ့အထိတွေ့များ ။ မိမိတစ်ကိုယ်လုံးလှုပ်မရအောင် သူ့လက်မောင်းတွေကြား ရောက်ခဲ့ရသည့်အဖြစ်‌ကို ရှောင်းကျန့်တွေးလေဒေါသဖြစ်မိလေ ။ကံသီပေလို့ ၀မ်ရိပေါ်ရဲ့အသုံးတော်ခံမဖြစ်ခဲ့တာပဲ ။ အမြဲတမ်း ၀မ်ရိပေါ်နှင့်ယှဉ်ရင် သူ့ခွန်အားတွေ ပျောက်ဆုံးနေတတ်သည်မှာ အဘယ်ကြောင့်နည်း ။

အတွေးမများရအောင် လည်ပင်းကို အင်္ကျီနဲ့ဖုံးလိုက်ပြီး လက်ကိုင်ဓားကိုယူကာ ရေချိုးဆောင်ထဲ ခပ်သုတ်သုတ်၀င်သွားလိုက်၏ ။ သူ့မှာ လုပ်စရာတွေအများကြီးရှိသေးသည် ။

ရေချိုးဆောင်အနောက်ဘက်တွင် တံခါးပေါက်ငယ်တစ်ခုရှိသည် ။ ထိုဘက်တွင် အစောင့်ရဲမက်မရှိတတ် ။ နန်းတွင်းသူများသာ အနောက်ဘက်တွင်ရှိတတ်သည် ။ ရှောင်းကျန့်ထွက်လာရင်လည်း သူတို့တွေသတိထားမိမှာမဟုတ်ချေ ။ တွေ့မိရင်တောင် သာမန်ရဲမက်တစ်ယောက်ဟုသာ ထင်ပေမည် ။

တကယ်တော့ ခိုဖြူလေးကိုရှာဖို့ နန်းပြင်ကို ထွက်မှာဖြစ်တာကြောင့် ရှောင်းကျန့်ခိုးကြောင်ခိုးဝှက်လှုပ်ရှားရခြင်းဖြစ်သည်။ ညဘက်တွေဆို ၀မ်ရိပေါ်ရှိနေတာကြောင့် သူအပြင်ထွက်လို့မရဘူး ။ နေ့ဘက်ဆိုလည်း သွားရာနောက် တကောက်ကောက်လိုက်တတ်တဲ့ အစေအပါးတွေကို ချန်ထားလို့မရတာကြောင့်သာ ယခုလိုကြံစည်ရခြင်းဖြစ်သည် ။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Donde viven las historias. Descúbrelo ahora