Unicode
" သတ်ပစ် ! ပုန်ကန်တဲ့သူကို အရှင်မထားနဲ့ "
" ဒီလိုလူမျိုးကို ဒီ့ထက်ဆိုးတဲ့ အပြစ်မျိုးပေးသင့်သေးတာ ၊ အံ့ပါရဲ့တော် မင်းကြီးက ဖူးဖူးမှုတ်ထားတဲ့ကြားက အာဏာလိုချင်ရတယ်လို့ "
" ဒါမျိုးပေါ့ရှင် ၊ သူက မင်းကြီးမေတ္တာတွေနဲ့မှ မထိုက်တန်ပဲ ၊ အခုတော့ သူ့မိုက်ပြစ်အတိုင်း ခံရပေမပေါ့ "
တိုးတိုးပြောရာမှ တစ်ဆတစ်ဆကျယ်လောင်လာတဲ့ ပြစ်တင်ရှုတ်ချသံတွေ ။ အကြိမ်တရာမက ကြားနေရပေမယ့် ပြန်ကြားတိုင်းရှောင်းကျန့်အတွက် နားမခံသာစေတဲ့ စကားလုံးတွေဖြစ်နေတုန်းပဲ ။ဘုရင့်ကို ပုန်ကန်တဲ့သူ၊ အာဏာမက်တဲ့သူ ၊ ကျေးဇူးမသိတဲ့လူဆိုတဲ့ အမျိုးမျိုးသောစွပ်စွဲချက်တွေက နားနဲ့မကြားချင်မှအပြည့် ။ မကြာခင် အဆုံးသတ်ရမည့်သူ့အတွက် ဘာကိုမှထူးပြီး မခံစားချင်တော့ ။
ကွင်းပြင်အလယ်မှာ ရှောင်းကျန့်အပါအ၀င် သေနာပတိဟွမ်ဖူကိုပါ ဒူးထောက်စေလျက် လက်ပြန်ကြိုးတုပ်ထားသည် ။ ဘေးပတ်ပတ်လည်တွင်တော့ မကျေမချမ်းပြောဆိုနေကြတဲ့ ပြည်သူအပေါင်း ။ သူတို့နှစ်ယောက်ရှေ့မှာ ဓားပြားရှည်ကြီးကို ထမ်းလို့ အသင့်အနေအထားနဲ့ ရပ်နေတဲ့ အာဏာပါးကွက်သားတစ်ဦးရှိသည် ။ ချွန်မြည့်နေသည့် ဓားသွားက ၀င်လုဆဲ နေရောင်အောက်တွင် တစ်ချက်တစ်ချက်လက်သွားတတ်သေး၏ ။ မလှမ်းမကမ်းမှာတော့ ဦးရီးတော်လီကျွယ်က အမိန့်ပေးဖို့ စောင့်နေသလို သူ့နံဘေးမှ လော့ကျားကတော့ အလွန်ရွှင်မြူးနေဟန်ရှိသည် ။
တဖြည်းဖြည်းတောင်စွယ်မှာ နေကွယ်သည့်အခါ လူအများရဲ့ အသံတွေကပိုဆူညံလာ၏ ။ ဦးရီတော်က အားလုံးကို လက်ကာပြလိုက်ပြီး အပြစ်ဒဏ်စစေရန် အချက်ပြလိုက်သည် ။ ထို့နောက် တပ်သားနှစ်ဦးက ဟွမ်ဖူ့ကိုအရင် ဆွဲခေါ်သွားလေ၏။ မကြာခင်မှာပဲ သွေးပျက်ဖွယ် အော်ဟစ်သံအဆုံးမှာ ရှောင်းကျန့် ခြေဖျားနားရောက်လာတဲ့ ထိုသူ့ဦးခေါင်း ။
ထို့နောက် သူ့အလှည့်ကို ရောက်လေပြီ ။ ရှောင်းကျန့်က သူ့လက်ချောင်းမှာရှိသည့် တစ်ခုတည်းသော လက်စွပ်ကို အသာအယာကိုင်တွယ်ပွတ်သပ်လိုက်ပြီး ပြုံးသည်ဆိုရုံသာပြုံးလိုက်သည် ။ နှုတ်ခမ်းလွှာလေး မဆိုသလောက်မြင့်တက်သွားရုံလေး ။
![](https://img.wattpad.com/cover/290380337-288-k374632.jpg)
ESTÁS LEYENDO
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )