Part 14

3.5K 371 5
                                    

Unicode

မြင်းခွာတစ်ချက်ခတ်လိုက်တိုင်း ဆီနှင်းခဲတို့ဖွာလွင့်စင်ကုန်ကြ၏။
တိတ်ဆိတ်သော တောတောင်၀န်းကျင်တွင် မြင်ခွာသံတို့သာ ဆူညံကြီးစိုးလျက် ၊ ‌ဆောင်း၏မနက်ခင်းသည် အုံ့ဆိုင်းသည့်သစ်ပင်ရိပ်ကြီးများကြောင့် နေရောင်ကောင်းစွာမရ ၊ မှုန်ရီမှိုင်းမှိုင်း ။ တခါတခါ သစ်ခက်သစ်ရွက်များမှ ဆီးနှင်းစက်များက ဖြတ်သွားသည့်မြင်းသည်တော်တို့၏ မျက်နှာပေါ်ကျတတ်သည် ။  အသည်းခိုက်မတတ်အေးလိုက်သည့် ဖြစ်ခြင်း ။

အအေးဓာတ်က သူတို့၀တ်ထားသည့် သံချပ်ကာ ထူထူထဲထဲတွေကို အလုအယက်ထိုးဖောက်လျက်ရှိသည် ။ မြင်းဇက်ကြိုးကိုင်ထားတဲ့ လက်ဖျားတွေ အေးစက်ထုံကျင်နေတာတောင် တာ၀န်၀တ္တရားမို့ မညည်းမညူခရီးဆက်ကြရမည် ။
နံဘေးမှ ယှဉ်ကာ အသော့နှင်နေသည့် မြင်ညိုထွားကြီးဆီ ၀မ်ရိပေါ်အကြည့်ရောက်သွား၏။ ချင်တပ်မဟာတစ်ခုလုံး၏ အကောင်းဆုံးမြင်းကြီးဖြစ်တာမို့ သန်စွမ်းလှသည်မှာပြောစရာမလို ၊ သူ့ကိုစီးနှင်းလာသူကား မိမိ၏အိမ်ရှေ့စံရှောင်းကျန့် ။
မိမိလို အအေးဒဏ်အံတုနိုင်တဲ့သူတောင် ထုံကျင်နေပြီဖြစ်၍ အရှင့်သားအဆင်ပြေပါ့မလားရယ်လို့ လှည့်ကြည့်မိလိုက်ခြင်းပင် ။

ပါးပြင်နှစ်ဖက်ရဲဥနေပြီး လက်ဖဝါးနှစ်ဖက်မှာနီစပ်နေသည်ကို ဘေးကပင်မြင်နေရသည် ။
အမြဲဖြန့်ချထားတတ်သည့် ဆံပင်ရှည်တွေကို စုထုံးထားတာကြောင့် မျက်နှာလေးကပိုရှင်းနေကာ စစ်သည်တစ်ယောက်ရဲ့ဟန်ပန်တွေ အထင်းသားပေါ်လွင်နေ‌၏။ အိမ်ရှေ့စံက ရှေ့ခရီးတွင်ဖို့သာ အာရုံစိုက်နေပုံရပြီး အချမ်းဒဏ်ကိုဂရုပြုမည့်ပုံမပေါ်။ သားမွေး၀တ်ရုံအညိုဖားဖားကြီးကြောင့်သာ တော်ကာကျပေ၏ ။ ထို၀တ်ရုံရှည်ထဲတွင် အိမ်ရှေ့စံ၏သွယ်ကျစ်သော ကိုယ်လုံးတစ်ခုလုံးမြုပ်နေလေ၏။ မကြာခင်မှာပဲ ချိုက်တပ်စခန်းကို ရောက်မည်ဖြစ်တာမို့သာ တော်သေးသည် ။

ချိုက်ဘက်မှာ ချူအရေးလှုပ်ရှားသူတွေ တစ်ဖန်ပြန်သွေးကြွနေတာဖြစ်၏။ ယခင်ထက်ပိုအားကောင်းလာတဲ့ ရန်သူတွေကြောင့် ဤအရေးသည် ပေါ့ပေါ့ဆဆမတွေးသင့်တော့ပေ ။ထို့ကြောင့် ချင်ဧကရာဇ်က အိမ်ရှေ့စံကို ချိုက်အရေးကို စီမံရန်စေလွှတ်ခဲ့တာဖြစ်သည်။ သူ့ကို တမင်သက်သက်အဝေးပို့လိုက်တာလို့လည်း အရှင့်သားကထင်မြင်ချက်ပေး၏ ။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )حيث تعيش القصص. اكتشف الآن