Part 11

3.7K 418 11
                                    

Unicode

"၀မ်ရိပေါ် "

၀မ်ရိပေါ် ခန်းဆောင်၏ ပင်မတံခါးချပ်ကြီးရှေ့ ရပ်နေစဉ် အတွင်းမှ အိမ်ရှေ့စံ၏ ခေါ်သံကိုကြားလိုက်ရ၏။ အသံကား သာမာန်ထက်ကျယ်သယောင် ။

ခန်းဆောင်အတွင်း၌ အိမ်ရှေ့စံနားနေချိန်တွင် မည်သူမျှအထဲ၀င်ခွင့်မရှိ ။ အထူးကိစ္စရှိမှသာ ၀င်လျှောက်တင်ရသည်။ ၀မ်ရိပေါ်ကိုယ်တိုင်ပင်လျှင် အိမ်ရှေ့စံ၏ လုံခြုံရေးအတွက် အပြင်မှာသာစောင့်ကြပ်ရသည် ။ မခေါ်စဖူး အခေါ်ထူးလှသည်ကြောင့် တံခါးချပ်ကြီးကိုတွန်းကာ ၀မ်ရိပေါ်အထဲ၀င်သွားလိုက်သည် ။သူ့ပုံစံက နည်းနည်းတော့ အလျင်စလိုနိုင်နေလောက်မည် ။

တံခါးဖွင့်သည်နှင့် အခန်း၏မွှေးရနံကိုအရင်ဆုံးရလိုက်သည် ။ဤရနံသည် အိမ်ရှေ့စံ၏ကိုယ်သင်းနံ့နှင့် ဆင်တူသယောင်ရှိသည် ။ ခန်းဆောင်မှာ တခြားအဆောင်ငယ်၏နှစ်ဆခန့်ကျယ်၀န်းပြီး ကြမ်းပြင်တစ်ခုလုံး ရှင်းလင်းပြောင်လက်နေသည် ။ စာအုပ်အနည်းငယ်သာ တင်ထားသော ခုံစောင်းစားပွဲတစ်လုံး၊ ရွှေအတိသန်းသောမွေ့ယာသလွန်တစ်ခုနှင့် ချယ်ရီပန်းတွေထိုးထားသော ကြွေပန်းအိုးအဖြူကြီးနှစ်လုံးမှလွဲ တခြားမရှိ ။ ဘေးနံရံတွင် ပစ်ခတ်ရရှိသော သားကောင်တို့၏ အရေခွံများ၊ဦးချိုများနှင့် အိမ်ရှေ့စံ၏လက်စွဲတော်လေးကိုချိတ်ဆွဲထားသည် ။ဝဲဘက်ခြမ်းတွင် သီးသန့်အခန်းငယ်တစ်ခုရှိပြီး ၎င်းမှာရေချိုးဆောင်သာဖြစ်သည် ။သို့သော် အိမ်ရှေ့စံကိုကား မတွေ့ ။အိမ်ရှေ့စံခေါ်တာကို သူနားနဲ့ဆတ်ဆတ်ကြားလိုက်တာပါ ။ ပြီးတော့ အပြင်ထွက်လာတာလည်း မမြင်မိပေါင် ။

၀မ်ရိပေါ်ခဏတော့ စဉ်းစားရခက်သွားသည်။ ရေချိုးဆောင်တံခါးပွင့်နေသည်မြင်မှ အိမ်ရှေ့စံထိုအထဲမှာရှိမှန်း သူသိလိုက်သည် ။ ထူးဆန်းလှ၏ ။အမှုထမ်းလာတဲ့ သက်တမ်းတစ်လျှောက်လုံး တစ်ခါမှ ထိုအခန်းထဲမ၀င်ဖူးသလို အိမ်ရှေ့စံကလည်း သူ့ကိုအခေါ်မရှိခဲ့ ။ အိမ်ရှေ့စံက အမြဲတစ်ယောက်တည်းပဲ ရေချိုးသန့်စင်တတ်တာ ။ အခြွေရံမိန်းမပျိုတွေပင်လျှင် ချိုးရေပြင်ဆင်ဖို့လောက်ပဲ အထဲ၀င်ခွင့်ရှိသည် ။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Where stories live. Discover now