Unicode
" ကဲ ကျုပ်ကို အရွဲ့တိုက်နေတာတော်လောက်ပြီ ၊ အချိန်လင့်ပြီမို့ အိပ်ရာ၀င်ကြရအောင် ၊ဒီညက ဘာလဲဆိုတာ ခင်ဗျားသတိရမယ်ထင်တယ်၊ ဟုတ်စ"
ရှောင်းကျန့်က တုံ့ပြန်စကားမဆိုပဲ အိပ်ယာဘက်ကို လျှောက်သွားသည်။ ခေါင်းအုံးတစ်လုံးကို ပိုက်၍သွားကာမှ ၀မ်ရိပေါ်သူ့လုပ်ရပ်ကိုရိပ်မိရကာ လက်မောင်ရင်းကဖမ်းဆွဲပြီးမေးလိုက်သည် ။
" ဒါကဘယ်လဲ "
" မင်းနဲ့ အတူအိပ်ဖို့ မသတီဘူး ငါ့ဘာသာ တခြားမှာအိပ်မယ်၊ လက်ကိုလွှတ် "
" မလွှတ်နိုင်ဘူး ရှောင်းကျန့်၊ အလျှော့ပေးထားလို့ ရောင့်တက်မလာနဲ့၊ ကျုပ်နဲ့အတူအိပ်ရမယ်၊ ဘယ်မှသွားဖို့ မစဉ်းစားနဲ့ "
" လုံး၀ပဲ ၀မ်ရိပေါ် "
လက်ကိုဆောင့်ရုန်းသွားသူကို ပြန်ဆွဲခေါ်ကာ အိပ်ရာပေါ်တွန်းချလိုက်သည်မို့ နှင်းဆီပွင့်ဖတ်များက ဘေးကိုလွင့်သွားသည် ။ပြန်ရုန်းထဖို့ ကြိုးစားသူရဲ့ ခြေထောက်နှစ်ဖက်ကိုညှပ်ထားပြီး လက်နှစ်ဖက်ကို တစ်ဖက်စီဆုပ်ကိုင်ကာ အိပ်ယာပေါ်ဖိကပ်ထားလိုက်သည် ။ အမြဲလိုလိုတည်ငြိမ်နေတတ်တဲ့ သူ့မျက်ဆံတွေလှုပ်ရှားသွားတာမို့ အထိတ်တလန့်ဖြစ်သွားပုံရသည် ။ ၀မ်ရိပေါ်က ဤသည်ကို နှစ်ခြိုက်စွာပြုံးလိုက်သည် ။
" ၀မ်ရိပေါ် ၊ အပေါ်ကနေ ဖယ်စမ်း "
" ရုန်းနေလည်း အပိုပဲ၊ ခင်ဗျားအားကုန်တာပဲ ရှိမယ်"
ပြောလိုက်ကာမှ ပိုဆိုးလာတဲ့ရှောင်းကျန့်ကြောင့် အားပိုသုံးကာဖိချုပ်ထားလိုက်သည် ။ လေတိုးမရအောင်နီးကပ်နေသော အနေအထားကြောင့် ရှောင်းကျန့်ဆီမှ ယမကာအနံ့အပြင် သူ့မူပိုင်ကိုယ်သင်းနံ့တို့က ၀မ်ရိပေါ်၏အနံ့ခံအာရုံထဲ တိုး၀င်လာ၏။ အသားရည်ကောင်းသူမို့ ၀င်းစိုသောမျက်နှာလေးကို မီးရောင်မှိန်ပျပျအောက်တွင် မြင်ရသည်မှာ ယစ်မူးဖို့ကောင်း၏။ တစ်ယောက်ထွက်သက်ကို တစ်ယောက်ခံစားမိသည်အထိ သူတို့မျက်နှာတွေနီးကပ်နေကြသည် ။
၀မ်ရိပေါ်ရဲ့မျက်လုံးတွေက ဆွဲအားတွေကိန်းအောင်းနေသလို ရီဝေနေပြီး တစ်ချိန်တည်းမှာပဲ ကျားရဲတစ်ကောင်လို စူးရဲနေပြန်သည် ။ သူ့မျက်နှာကို သေချာစိုက်ကြည့်နေတာမို့ ရှောင်းကျန့်က မနေတတ်စွာ တစ်ဖက်သို့မျက်နှာလွှဲသွားသည် ။ သူမကြိုက်ဘူး အဲ့လိုအကြည့်တွေကို ။
![](https://img.wattpad.com/cover/290380337-288-k374632.jpg)
YOU ARE READING
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )