Unicode
" ကျွီ "
ခန်းဆောင်၏ ထုထည်ကြီးမားလှသည့် တံခါးချပ်ကြီးပွင့်သံက ပတ်၀န်းကျင်ကို နှိုးဆွလိုက်သည့်နှယ် ။ ဆိတ်ငြိမ်နေသော ပတ်၀န်းကျင်က ထိုအခါမှလှုပ်လှုပ်ရှားရှားဖြစ်လာသည် ။ အပြင်ဘက်တွင် ခစားနေကြသော နန်းတွင်းသူတို့သည်လည်း ခေါင်းမော့လာကြပြီး မသိမသာစူးစမ်းကြသလို တံခါးရှေ့တွင် မလှုပ်မယှက်ရပ်စောင့်နေသည့် တစ်စုံတစ်ယောက်၏ ရေပြင်ညီပမာ မျက်၀န်းတို့သည် ထိုအခါမှ အသက်၀င်လာခဲ့သည် ။
ခန်းဆောင်ထဲမှ ကုန်းကုန်းတစ်ယောက်ခပ်သုတ်သုတ်ထွက်လာပြီး နန်းဆောင်ရှေ့ အသင့်စောင့်နေတဲ့ ရှောင်းကျန့်ကို ခါးညွတ်၍အရိုအသေပြုလိုက်ကာ
" မယ်တော်ကြီးက ၀င်ခွင့်ပြုလိုက်ပါပြီ ၊ ကြွပါ
အရှင် "နောက်ဆုံးတော့ မယ်တော်ကြီးက သူ့ကိုတွေ့ဆုံခွင့်ပြုခဲ့ပြီ ။ ယခုအကြိမ်မတိုင်ခင် မယ်တော်ကြီးနဲ့တွေ့ခွင့်ရဖို့ နှစ်ကြိမ်တိတိ ရှောင်းကျန့်ကြိုးစားခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရသည်သာ ။ တတိယအကြိမ်မြောက်အဖြစ် မယ်တော်ကြီးနန်းဆောင်ရှေ့ အချိန်တော်ကြာရပ်၍စောင့်ဆိုင်းနေသည့်အခါမှ ဤရလဒ်ကို ရှောင်းကျန့်ပိုင်ဆိုင်ရခြင်းသာဖြစ်၏။
ခန်းဆောင်ထဲကို လှမ်းမည့် သူ့ခြေလှမ်းတွေသည် စိတ်လှုပ်ရှားမှုကြောင့် နှေးလွန်းနေပါလိမ့်မည် ။ လွန်ခဲ့တဲ့သုံးနှစ်က မိမိကိုယ်တိုင်ထွက်သွားဖို့ကတိပေးခဲ့ပြီးမှ ယခုလိုမျက်နှာပြောင်တိုက်စွာ နန်းတော်ထဲ ပြန်ရောက်လာခြင်းအပေါ် မယ်တော်ကြီးဘယ်လိုတုံ့ပြန်လိမ့်မလဲ ။ နွေးထွေးစွာ ကြိုဆိုနေမည်လား သို့မဟုတ် ရှောင်းကျန့်စိတ်ပျက်ခြင်းတွေပဲရှိမလား ။
သေချာသည်ကတော့ ဘယ်လိုမှနွေးထွေးလိမ့်မည်မဟုတ် ။ ၀မ်ရိပေါ်ကိုယ်တိုင် သူ့လက်ကိုဆွဲလို့ ဤရွှေနန်းတော်ထဲ ပြန်ခေါ်လာခဲ့ချိန်က ဦးရီးတော်နှင့်အတူ အရာရှိအရာခံအားလုံးလိုလို မျက်နှာပျက်သွားကြသည် ။ ထိုအထဲတွင် မယ်တော်ကြီးလည်းအပါအ၀င် ။ အားလုံး၏မျက်နှာထက်တွင် ရှောင်းကျန့်ကို အလိုမရှိကြောင်းတွေသာ လှစ်ဟပြနေခဲ့ကြ၏ ။ မတတ်သာ၍သာ ခေါင်းငုံ့နှုတ်ဆိတ်နေကြပေမယ့် ထိုသူတွေ၏ အစိုင်အခဲတွေကို ရှောင်းကျန့်မြင်နေရပါ၏။ ထိုစဉ်က နန်းရင်ပြင်ပေါ်တက်ဖို့ တွန့်ဆုတ်နေတဲ့သူ့ကို ၀မ်ရိပေါ်ကမ်းပေးတဲ့လက်ဖဝါးပြင်ကသာ ရှေ့ဆက်ဖို့ခွန်အားဖြစ်စေခဲ့သည် ။
YOU ARE READING
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )