Unicode
" ဟို... ဟို... မင်းသားရှောင်းယန်ပါ "
မိန်းမပျိုအသံက တုန်ရင်ကွဲအက်စွာ ။ တဆတ်ဆတ်တုန်ရီသော နှုတ်ခမ်းနှင့်အတူ သူမမျက်လုံးအစုံဟာ ဆောက်တည်ရာမရ ။
" အဟင်း...ငါထင်ထားတဲ့အတိုင်းပဲ"
မိန်းမပျိုစကားကြားသည်နှင့် အိမ်ရှေ့စံရှောင်းကျန့်က မဲ့ပြုံးပြုံးလျက် ရေရွတ်သည်။ သူ့အသံမှာ မကျယ်လောင်သော်ငြား အေးစက်ပြတ်သားသည့်ဟန်ပန်ကြောင့် ကြားရသူအဖို့ တုန်လှုပ်ဖွယ်ကောင်းသည် ။ ရှေ့တွင်ဒူးထောက်နေသော မိန်းမပျိုမှာ အိမ်ရှေ့စံကို ကြောက်ရွံ့ကြီးစွာ ခေါင်းကိုတွင်တွင်ငုံ့ထားလေတော့သည် ။ လက်ပြန်ကြိုးတုပ်ကာ သူမလည်ပင်းကို ၀မ်ရိပေါ်က ဓားဖြင့်ထောက်ထားသည်မို့ မလှုပ်သာသည့်အခြေနေဖြစ်သည်။
အိမ်ရှေ့စံနန်းဆောင်ရှိ အမွှေးအိုးတွင် အဆိပ်ထည့်ထားသည်ကို ၀မ်ရိပေါ်က ရှာတွေ့ခဲ့တာဖြစ်သည် ။ အဆိပ်က သိပ်မပြင်း၊ အချိန်ကြာကြာ ထိုအဆိပ်ငွေ့ကို ရှူရှိုက်မိမှသာ ကိုယ်တွင်းအဆိပ်တွေပျံနှံ့နိုင်မှာဖြစ်လို့ တော်သေးသည်ဟုဆိုရမည်ပင် ။အိမ်ရှေ့စံနန်းဆောင်အတွင်း ခစားရတဲ့ နန်းတွင်းသူမှအစ အစောင့်ရဲမက်အထိ စစ်ဆေးလိုက်တော့ တရားခံဖြစ်သူကား ဤနန်းတွင်းသူယီလင်းဟု အဖြေထွက်သည် ။
ယီလင်းက အိမ်ရှေ့စံထံနှစ်ပေါင်းများစွာခစားလာတဲ့သူ ။ နန်းတွင်းသူများကြားတွင် ရာထူးအကြီးဆုံးဖြစ်ကာ အယုံကြည်ရဆုံးနန်းတွင်းသူတစ်ဦးလို့ပင် ဆိုရနိုင်သည်။ ထိုသို့လူမျိုးကပင် သူ့ကိုသစ္စာဖောက်ပြီး ရန်သူနှင့်ပူးပေါင်းလေတော့ အိမ်ရှေ့စံအမျက်ထွက်တာ မဆန်း ။အသက်ရှင်ဖို့ မြူတစ်မှုန်တောင် မသေချာတော့တဲ့အခြေနေမို့ မိန်းမပျိုမှာတုန်ရီနေလေတော့၏။
" ရှောင်းယန်...ရှောင်းယန်၊ သူ့ဉာဏ်လေးတစ်ထွာတစ်မိုက်လောက်နဲ့ ငါ့ကိုလာစမ်းရဲတယ် "
အိမ်ရှေ့စံက ရယ်သံနှောလို့ တစ်ကိုယ်ရေရွတ်လိုက်၏။ ပြီးနောက်
" မုယုံ "
" အမိန့်ရှိပါ အရှင့်သား "
မုယုံက အိမ်ရှေ့စံနောက်ပါး အသင့်အနေအထားနှင့်ရပ်နေရာမှ အရှေ့ကိုတိုးလာပြီး ပြောလိုက်သည် ။
KAMU SEDANG MEMBACA
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )